နိုင်ငံအခြေအနေမှန် ထင်ဟပ်ပေါ်လွင်ရေးကြိုးပမ်း
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် မည်သည့်အခြေအနေရှိသည်ဖြစ်စေ မဆုတ်ယုတ်ဘဲ တည်တံ့နေရန်အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်သည်ဆိုသော် လည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တည်ငြိမ်မှုကို တည်ဆောက်နိုင်သည်။ ဖွံ့ဖြိုးမှု ဆိုသည်မှာ လူမှုဘဝဆုတ်ယုတ်ယိုယွင်းခြင်းမရှိဘဲ အစဉ်ရှင်သန်လည်ပတ်နေခြင်း ဖြစ်သည်။ စစ်အတွင်းကာလပင်ဖြစ်သော်လည်း ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ် ဖောက်ကားရေး၊ တည်ဆောက်ရေးတို့ပြုလုပ်ကြသည်ကို ကမ္ဘာ့သမိုင်းတွင် တွေ့ရ မည်ဖြစ်သည်။