ကိုဗစ်ရောဂါဘေးကို သတိတရားဖြင့် ကာကွယ်c
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အရှိန်မြှင့် ကူးစက်ဖြစ်ပွား နေသည်။ ရောဂါဖြစ်ပွားလာခဲ့သည့် တစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာတစ်ခွင် တွင် ရောဂါပိုးကူးစက်ခံရသူ သန်း ၂၀၀ နီးပါးဖြစ်လာပြီး ပြန်လည်ကျန်းမာလာသူ သန်း ၁၇၀ နီးပါးနှင့် သေဆုံးသူ ကမ္ဘာ့ပြည်သူ လေးသန်းကျော်ရှိသည်။ ကမ္ဘာပေါ် တွင် ဤကဲ့သို့ သော ရောဂါကပ်ဘေးများ ရာစုနှစ်တစ်ခုအလိုက် ကျရောက်ခဲ့ဖူးပြီး ယခု ၂၁ ရာစုတွင် ကြီးမားသော ရောဂါကပ်ဘေးတစ်ခုဖြစ်လာသည်။