သာသနာထွန်းလင်း ငြိမ်းချမ်းသောလူ့ဘောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၇၃)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁၁ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင် လက်မှတ် ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့ပေသည်။
