အနာဂတ်အတွက် လူငယ်များဘဝမြှင့်တင်
အယ်ဒီတာ့အာဘော်
===========
အနာဂတ်အတွက် လူငယ်များဘဝမြှင့်တင်
========================
သဘာဝအရင်းအမြစ်များသည် လူသားများ အဆက်မပြတ်ထုတ်ယူအသုံးပြုမှုကြောင့် တစ်နေ့သောအခါတွင် ကုန်ခန်းသွားနိုင်သည်။ လူသားအရင်း အမြစ်များသည် စနစ်တကျပြုစုပျိုးထောင်နိုင်ပါက ကုန်ခန်းသွားခြင်းမရှိဘဲ သုံး၍မကုန်နိုင်သည့် အစဉ်အမြဲတိုးတက်သစ်လွင်နေသော အရင်းအမြစ်များ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ နားလည်သိရှိ လက်ခံလာကြသည်။