ရာပြည့်တွန်းအား တိုင်းပြည်နိုင်ငံခံ့ညား
အယ်ဒီတာ့အာဘော်
============
ရာပြည့်တွန်းအား တိုင်းပြည်နိုင်ငံခံ့ညား
======================
လွန်ခဲ့သော နှစ်တစ်ရာပြည့် ဝန်းကျင်ကာလက နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာကောင်းသည့် အမျိုးသားလှုပ်ရှားမှုများသည် မြန်မာနိုင်ငံတွင် ကမ္ပည်းမော်ကွန်းတင် ထင်ရှားပြောင်မြောက်သည့် သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့သည်။ သမိုင်းမော်ကွန်းရေးထိုးခဲ့သည့် ဂုဏ်ယူဖွယ်အမှတ်တရများ အတွက် နှစ် (၁၀၀) ပြည့် အခမ်းအနားများကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ ကြသည်။