ကြေးမုံ စာတည်းရှုထောင့်

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် …

အယ်ဒီတာ့အာဘော်

=========

 

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် …

 

=======================

 

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ ဤနေ့သည် ဗြိတိသျှနယ်ချဲ့တို့ပြဋ္ဌာန်းသည့် ယူနီဗာစီတီအက်ဥပဒေကို လက်မခံဘဲ ဆန့်ကျင်တွန်းလှန်ခဲ့သောနေ့ဖြစ်သည်။ အမျိုးသားပညာရေးကို ဖော်ထုတ်ပြီး အမျိုးသားကျောင်းများ ထွန်းပေါက်လာသောနေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာခဲ့သည့် အောင်ပွဲနေ့ ဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့မှ ငြိမ်းချမ်းရေးသို့

အယ်ဒီတာ့အာဘော်

============

 

အမျိုးသားအောင်ပွဲနေ့မှ ငြိမ်းချမ်းရေးသို့

=======================

 

၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့၏ဆောင်ပုဒ်သည် “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့၊ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့” ဟူ၍ဖြစ်သည်။ ပြည်ထောင်စု ကြီး ငြိမ်းချမ်းရေးကို အထူးပြုထားသော ယခုနှစ်အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်သည် လေးနက်သည့်အနှစ်သာရများ ပြည့်ဝပါသည်။

 

တစ်မျိုးသားလုံးဆိုင်သည့် အမျိုးသားအောင်ပွဲ

အယ်ဒီတာ့အာဘော်

==========

 

တစ်မျိုးသားလုံးဆိုင်သည့် အမျိုးသားအောင်ပွဲ

=========================

 

၁၈၈၅ ခုနှစ် ကုန်ဆုံးသည်နှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သည်နှင့် နယ်ချဲ့တို့ကို မြန်မာသူရဲကောင်းများက ဆယ်နှစ်နီးပါး အပြင်းအထန် တွန်းလှန်ခဲ့ကြသည်။ ကိုလိုနီခေတ်ဦး၌ပင် နယ်ချဲ့တို့အား တွန်းလှန်မှုများ ကျရှုံးသွားခဲ့သော်လည်း ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေအသင်းများ ပေါ်ပေါက်လာ ကာ အမျိုးသားစိတ်ဓာတ်များ နှိုးဆွပေးခဲ့သည်။

နိုင်ငံ့တာဝန်ကျေပွန်ခြင်းတွင် လူတိုင်းပါဝင်

အယ်ဒီတာ့အာဘော်

============

 

နိုင်ငံ့တာဝန်ကျေပွန်ခြင်းတွင် လူတိုင်းပါဝင်

========================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက် ဖြစ်ပွားနေသည်မှာ အချိန်ကာလအားဖြင့် ကိုးလခန့်ကြာမြင့်နေပြီဖြစ်သည်၊၊ ရောဂါဖြစ်ပွားမှု အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ အကျိုး ဆက်အနေဖြင့် နိုင်ငံ့စီးပွားသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများပါ ထိခိုက်နစ်နာမှု ပိုမိုမြင့်မားလာသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတော် ကို ပြန်လည်ရုန်းကန်တည်ဆောက်နိုင်ရေးအတွက် ပြည်သူများ အသိ တရားဖြင့် သတိထားကာ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါသည်။

အမျိုးသားအောင်ပွဲနေ့နှင့် အမျိုးသားအကျိုးစီးပွား

အယ်ဒီတာ့အာဘော်

===========

 

အမျိုးသားအောင်ပွဲနေ့နှင့် အမျိုးသားအကျိုးစီးပွား

=============================

 

ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းနှင့်အတူ အမျိုးသားရေးလှုပ်ရှား မှုလည်း တစ်ဆက်တည်းဖြစ်ပေါ်လာခဲ့သည်။ ထိုအမျိုးသားရေးလှုပ်ရှားမှု ကြီးသည် ယူနီဗာစီတီ အက်ဥပဒေကို ကျောင်းသားများနှင့် ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်သဖြင့် ပေါ်ပေါက်လာသော အမျိုးသားရေးလှုပ်ရှားမှု၊ အမျိုးသားရေး သမိုင်းမှတ်တိုင်၊ အမျိုးသားအောင်ပွဲ နေ့ဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အောင်မြင်

အယ်ဒီတာ့အာဘော်

============

 

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အောင်မြင်

==========================

 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်သည့် ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်နေဆဲ ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မကျင်းပဘဲ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(၁)တွင် Virtual စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။

 

နှစ်(၁၀၀)ပြည့် သမိုင်းဝင်တက္ကသိုလ်

အယ်ဒီတာ့အာဘော်

=========

နှစ်(၁၀၀)ပြည့် သမိုင်းဝင်တက္ကသိုလ်

=================

မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့ သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း များနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိသည်။

နှစ်(၁၀၀)ပြည့် သမိုင်းဝင်တက္ကသိုလ်

အယ်ဒီတာ့အာဘော်

=========

 

နှစ်(၁၀၀)ပြည့် သမိုင်းဝင်တက္ကသိုလ်

=================

 

မြန်မာနိုင်ငံ၏ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့ သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်(ယနေ့)တွင် နှစ်(၁၀၀)ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ်ရာပြည့်သဘင်ပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း များနှင့်အညီ ဝေဝေဆာဆာ ထည်ထည်ဝါဝါ ဖော်ဆောင်နိုင်သဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိသည်။

အိမ်တွင်းအကြမ်းဖက်မှုမဖြစ်စေရေး

အယ်ဒီတာ့အာဘော်

==========

 

အိမ်တွင်းအကြမ်းဖက်မှုမဖြစ်စေရေး

=====================

 

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်ဖြစ်စေ၊ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်စေ ၎င်းတို့ကြားတွင် ဖြစ်လေ့ရှိသည့် ရည်ရွယ်ချက် ရှိရှိနှင့်ပြုလုပ်သော အကြမ်းဖက်မှုကို ဆိုလိုပါသည်။ အိမ်တွင်းအကြမ်းဖက် မှုသည် အသေးအမွှားလေးများမှ အစပြုပြီး ကြီးကြီးမားမား ဒုစရိုက်မှု ပုံသဏ္ဌာန်မျိုးအထိ ဖြစ်လာတတ်သည်ကို တွေ့ရသည်။ သို့သော် နယ်ပယ် အသိုက်အဝန်းတိုင်း၊ အိမ်တိုင်းအိမ်တိုင်းတော့ မဟုတ်ပေ။ အချို့ မိသားစုအိမ်တွင်း၌ ဖြစ်တတ်ကြသည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်