ဂုဏ်ယူဖွယ်ရာ သမိုင်းဝင်ရာပြည့်တက္ကသိုလ်
အယ်ဒီတာ့အာဘော်
===========
ဂုဏ်ယူဖွယ်ရာ သမိုင်းဝင်ရာပြည့်တက္ကသိုလ်
=========================
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင်သာမက လွတ်လပ်ရေးကြိုးပမ်းမှု မြန်မာ့နိုင်ငံရေးလောကတွင်ပါ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ကြီး ဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာ တစ်မျိုးသားလုံး ပညာသင်ယူမှုအခွင့်အလမ်းမညီမျှမှု၊ နိမ့်ကျမှုနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာသင်ယူနိုင်ခွင့် နည်းပါးမှုတို့ကြောင့် မြန်မာ လူငယ်များ အဆင့်မြင့်ပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေမည့် အမျိုးသားပညာရေးစနစ်ဖြစ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။