ကြေးမုံ စာတည်းရှုထောင့်

ကိုယ်စိတ်ချမ်းသာ သီတင်းကျွတ်အခါ

အယ်ဒီတာ့အာဘော်

============

 

ကိုယ်စိတ်ချမ်းသာ သီတင်းကျွတ်အခါ

======================

 

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၏ သီတင်းကျွတ်ရာသီ ရောက်လာပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သီတင်းကျွတ်ကာလ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အများပြည်သူ တို့အဖို့ သီတင်းကျွတ်ပိတ်ရက်ငါးရက်အတွင်း မြတ်စွာဘုရားရှင်အား ရည်မှန်း၍လည်းကောင်း၊ မိသားစုများ စိတ်နှလုံး အေးချမ်းကြည်နူးရွှင်ပျော် စေရန်အတွက်လည်းကောင်း မိမိတို့နေအိမ်၌ သီတင်းကျွတ် မီးထွန်းသဘင်ကို ဆင်ယင်ကျင်းပနိုင်ပြီဖြစ်သည်။

 

တက္ကသိုလ်ဂုဏ်ဒြပ်ကို ထိန်းသိမ်းမြှင့်တင်

အယ်ဒီတာ့အာဘော်

=========

 

တက္ကသိုလ်ဂုဏ်ဒြပ်ကို ထိန်းသိမ်းမြှင့်တင်

=====================

 

ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာကြီးမားသော ဗိမာန်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ် များအားလုံး၏ အုပ်ထိန်းသူဖြစ်သည်။ ပညာရည်နို့သောက်ခဲ့ရသော မိခင် ဖြစ်သည်။ စွမ်းရည်၊ သတ္တိ၊ အားမာန်များ ဖြည့်စွမ်းပေးခဲ့သော ဖခင်ဖြစ်သည်။ ဤသို့သော တက္ကသိုလ်ကြီး မြန်မာနိုင်ငံတွင် နှစ် ၁၀၀ တိုင် ထည်ထည် ဝါဝါ ရပ်တည်နိုင်သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။

ကိုဗစ်-၁၉ ကွင်းဆက်ကို ဝိုင်းဝန်းဖြတ်တောက်

အယ်ဒီတာ့အာဘော်

=============

 

ကိုဗစ်-၁၉ ကွင်းဆက်ကို ဝိုင်းဝန်းဖြတ်တောက်

==========================

 

ယနေ့အချိန်အခါကို တိုင်းပြည်တွင် ကြုံတွေ့နေရသော ကူးစက်ရောဂါ ဘေးနှင့်ပတ်သက်၍ လမ်းဆုံလမ်းခွရောက်နေသည့်အချိန်အခါဟု ဆိုရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလမှာ တစ်နှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီး ထိုအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည့်အချိန်အခါနှင့် တိုက်ဆိုင်နေသည်။

 

အသိတရား သတိထား၍ စည်းရုံးလှုပ်ရှား

အယ်ဒီတာ့အာဘော်

===========

 

အသိတရား သတိထား၍ စည်းရုံးလှုပ်ရှား

 

======================

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲများ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသဖြင့် မဲဆန္ဒရှင်ပြည်သူအားလုံး သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် စည်းကမ်း များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပါ ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ကျန်းမာရေးစည်းမျဉ်းများ ဆက်လက်လိုက်နာ

အယ်ဒီတာ့အာဘော်

============

 

ကျန်းမာရေးစည်းမျဉ်းများ ဆက်လက်လိုက်နာ

============================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၅၇၉၉၂၁ ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၂၃၆၅ ဦးရှိသည်။ ယင်းတို့အနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၄၅၄ ဦးရှိပြီး သေဆုံးသူ ၁၀၃၈ ဦးရှိသည်။

 

ရောဂါထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းကြပ်မတ်မလိုက်နာသူတို့ကို အရေးယူမှအောင်မြင်

အယ်ဒီတာ့အာဘော်

==============

 

ရောဂါထိန်းချုပ်နိုင်ရေး ဝိုင်းဝန်းကြပ်မတ်မလိုက်နာသူတို့ကို အရေးယူမှအောင်မြင်

========================================================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရောဂါပိုးရှိ၊ မရှိ လူဦးရေ ၅၃၈ဝ၈၆ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့သူ ၃၈၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၈၁၄၇ ဦးရှိသည်ကို တွေ့ရမည်ဖြစ်သည်။

 

မဲပေးရေး၌ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံ

အယ်ဒီတာ့အာဘော်

=========

 

မဲပေးရေး၌ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံ

========================

 

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တနှစ်ပတ် ကျော်မျှသာလိုတော့သည်။ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံး နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေဘဲ ဘေးကင်းလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးမှာ အရေး ကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရဆဲ ကိုဗစ်-၁၉ ရောဂါဘေးကာလအတွင်း တစ်နိုင်ငံလုံး အတွက် တစ်ရက်တည်းကျင်းပရသည့် ရွေးကောက်ပွဲဖြစ်၍ ဘေးကင်း လုံခြုံရေး အထူးလိုအပ်ခြင်းဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ မည်သူမျှမကျန်ရ

အယ်ဒီတာ့အာဘော်

============

 

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ မည်သူမျှမကျန်ရ

=========================

 

“နိုင်ငံရဲ့ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားမှုတွေ၊ ရောဂါ ကျရောက်မှုတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးရဲ့ ဒုက္ခ၊ မြန်မာတစ်နိုင်ငံလုံးရဲ့အခက်အခဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်”ဟု UEHRD ကော်မတီ၏ သုံးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ရာပြည့်သဘင်

အယ်ဒီတာ့အာဘော်

==========

 

တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ရာပြည့်သဘင်

========================

 

ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ပြီ ဖြစ်သည်။ ပင်မရန်ကုန်တက္ကသိုလ်ကြီးနှင့် ယင်းမှပေါက်ဖွားလာသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များသည် ကုန်လွန် ခဲ့သော နှစ် ၁၀၀ ကာလအတွင်း ဘဝအဖုံဖုံ မြင်ကွင်းအစုံစုံ ပြောင်းလဲကာ နိုင်ငံ၏လွတ်လပ်ရေးတိုက်ပွဲတွင်လည်းကောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးတွင်လည်းကောင်း ထင်ရှား ပြောင်မြောက်သော အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည်။

ကာကွယ်ထိန်းချုပ်နိုင်ရန် အစစပိုမိုဂရုစိုက်

အယ်ဒီတာ့အာဘော်

============

 

ကာကွယ်ထိန်းချုပ်နိုင်ရန် အစစပိုမိုဂရုစိုက်

============================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ယခုရက်သတ္တ ပတ်အတွင်း ဖြစ်ပွားနှုန်းကျဆင်းမှု မရှိသေးသော်လည်း ရောဂါအတက်၊ အကျနှုန်း တန်းနေသည့်သဘောကို တွေ့ရသည်။ ဆေးပညာရှင်များ၏ အဆိုအရ ရောဂါဖြစ်ပွားနှုန်းဂရပ်မျဉ်းသည် အကျဘက်သို့ဆင်းလျှင် သော်လည်းကောင်း ၊ တန်း၍နေလျှင်သော်လည်းကောင်း အခြေအနေကောင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။

 

Subscribe to ကြေးမုံ စာတည်းရှုထောင့်