စိန်ခေါ်မှုကြားမှ ပြည်သူ့ဆန္ဒဖြည့်ဆည်း
အယ်ဒီတာ့အာဘော်
==========
စိန်ခေါ်မှုကြားမှ ပြည်သူ့ဆန္ဒဖြည့်ဆည်း
===================
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲသည် ကနဦးအထူးအရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တက်လှမ်းစမြန်မာနိုင်ငံတွင် ဒီမိုကရေစီယဉ်ကျေးမှု အလျင်အမြန်ထွန်းကားနေသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို အသက်ဝင်စေသည့် ရွေးကောက်ပွဲ အတွေ့အကြုံ နုနယ်သေးသော်လည်း စိန်ခေါ်မှုများကြားမှ ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။