ကြေးမုံ စာတည်းရှုထောင့်

ငြိမ်းချမ်းသာယာဝပြောရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

ဒီမိုကရေစီနိုင်ငံတိုင်းတွင် စည်းကမ်းဥပဒေကို အလေးထားဂရုစိုက်ကြသည်။ စည်းကမ်းဥပဒေကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက် သာယာဝပြောနေသည်ကို တွေ့ရသည်။ အမှန်တွင် စည်းကမ်းသည် ဒီမိုကရေစီ နိုင်ငံမှသာမဟုတ် စည်းကမ်းဥပဒေကို လေးစားလိုက်နာသော မည်သည့်နိုင်ငံမဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အားလုံးအတူတကွသန္နိဋ္ဌာန်ပြု

“နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန်အတွက် ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပါသည်။ အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးရသည်ထက် ကြီးမား သည့် ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် နိုင်ငံသားအားလုံးတို့တွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိပါသည်”ဟု     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ  ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက

ထူးခြားလေးနက်သော လွတ်လပ်ရေးနေ့ကိုဂုဏ်ပြု

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။  ထိုနေ့သည်  ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ ပြီး နိုင်ငံအတွက် ထူးကဲမွန်မြတ်သော၊  တိုင်းရင်းသားပြည်သူအားလုံးအတွက် ဂုဏ်ယူစရာကောင်းသော နေ့ထူးနေ့မြတ်ဖြစ်သည်။ ယခုနှစ်သည် စိန်ရတုအကြို တစ်နှစ်အလို လွတ်လပ်ရေးနေ့ဖြစ်၍ ပိုမိုထူးကဲပေသည်။

ပြုပြင်ဆင်ခြင်၍ လွတ်လပ်ရေးနှင့် ထိုက်တန်အောင်ကြိုးစား

လွတ်လပ်ရေးအနှစ်သာရသည် လွတ်လပ်သောနိုင်ငံတွင် လွတ်လပ်သော နိုင်ငံသားများ အားလုံးတန်းတူညီမျှ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ခြင်းဖြစ်ရာ မိမိတို့၏ကံကြမ္မာကို  မိမိတို့ကိုယ်တိုင်ဖန်တီးကြရမည်ဖြစ်သည်။    မိမိကံကြမ္မာကို  မိမိကိုယ်တိုင်ဖန်တီးနိုင်သည်ဆိုရာ၌    ဗိုလ်ချုပ်အောင်ဆန်းမိန့်ကြားသကဲ့သို့ ပဒေသာပင်    မြေမှအလိုလိုပေါက်လာခြင်းမဟုတ်ပေ။   မိမိတို့နှင့်မိမိတို့နိုင်ငံ တိုးတက်ကြီးပွားရေးအတွက် အလုပ်လုပ်ကြရသည်။ မိမိတို့နှင့်မိမိတို့နိုင်ငံ  အဆင့် အတန်းမြင့်မားရေးအတွက် စောင့်ထိန်းသင့်သည်တို့ကို စောင့်ထိန်း၊ လိုက်နာသင့် သည်တို့ကို လိုက်နာကြရသည်။

လွတ်လပ်ရေးနှင့်ထိုက်တန်သည့်နိုင်ငံတည်ဆောက်

၂၀၂၁ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ နှစ်သစ်တွင် တိုင်းသူပြည်သား ပြည်သူအများ ကြည်ဖြူစည်းလုံး ရွှင်ပြုံး ကြပါစေ၊ သာယာချမ်းမြေ့ကြပါစေ၊ ဘေးဘယာမခဘဲ သာစွဌာနေ ပြည်ထောင်စုကြီး  ညီနောင်ပြု၍ ရိုင်းပင်းနိုင်ပါစေ။ ဂုဏ်ရည်မြင့်သည့် တိုင်းရင်းသားစုံညီ အမိမြေတွင် သတိတွေမပြတ်၊ တစ်တပ်တစ်အားနှင့် ယှဉ်တွဲကာလေ လွတ်လပ်ရေးကြီး အစဉ်ခိုင်မြဲ ဖို့ ကြိုးပမ်းကြစို့ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစွန်းနှစ်ပါးကိုရှောင်ရှား၍ သတိမူနေထိုင်လုပ်ကိုင်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ကျန်းမာရေးဝန်ကြီးဌာန၏ အလေးထားဆောင်ရွက်မှု၊     ပြည်သူလူထု  ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကောင်းမွန်သောအနေအထားရှိနေသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့်   ရောဂါပိုးတွေ့ရှိမှုနှုန်းအခြေအနေများကို     အလေးထား ဆောင်ရွက်လျက်ရှိရာ အတည်ပြုလူနာတွေ့ရှိမှုနှင့်    ရောဂါပိုးတွေ့ရှိမှုများမှာ   အပတ်စဉ်လျော့နည်းကျဆင်းလျက်ရှိပြီး တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်းအတွင်း ရှိနေသည်။

လွတ်လပ်ရေးကိုထိန်းသိမ်း ပိုင်နက်နယ်မြေကိုကာကွယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ ရေပြင်ပိုင်နက်သည် စတုရန်း မိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော် ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင်နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့်  ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊   မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက်သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြုစီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော်လာမည့် ရေကြောင်းဆိုင်ရာခြိမ်းခြောက်မှု မှန်သမျှကို တွန်းလှန်ကာ

အားလုံးပါဝင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖော်ဆောင်

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်        လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ အမျိုးသားခေါင်းဆောင်ကြီးများ လမ်းညွှန်ပေးခဲ့သည့်၊ ပြည်သူများလိုလားသည့်၊ နိုင်ငံတကာလက်ခံသည့်   ဒီမိုကရေစီနိုင်ငံရေးစနစ်ကို    ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီစနစ်တွင် အများဆန္ဒကိုဦးစားပေးသော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဖော်ဆောင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် ထိန်းညှိဆောင်ရွက်ကြသည်။

မသက်ဆိုင်သူများ မထိခိုက်စေရန် အသိပေးချက်ကို သတိပြု

တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH နှင့် NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် နိုင်ငံတော်ကို ဆန့်ကျင် CDM လှုပ်ရှားမှုများ ပြုလုပ်လာပြီးနောက် ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့်  NLD  ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ  အစွန်းရောက် များသည် PDF အကြမ်းဖက်အဖွဲ့ဖွဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့ ထံတွင်    စစ်သင်တန်းများ၊   အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။

လူ့အသက်ရှင်သန်ရေး ဖြူစင်စေတနာဖြင့်ကုသပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ်  ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား တွင် ပြည်သူလူထု၏  ကျန်းမာရေးနှင့်ပတ်သက်ပြီး  “လူ့အသက်ထက် အရေးကြီး တာဘာမှမရှိ” ဆိုသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက်  ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံ ပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်