ပညာရေး

မြတ်ဆရာ

ဒေါက်တာခင်မျိုးမြင့်ကြူ(ပညာရေး) မြန်မာအဘိဓာန်တွင် ဆရာကို “ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဆရာတစ်ယောက်သည် တပည့်များအား စာပေပညာသင်ကြားပေးရုံမျှမက မိမိတပည့်များ၏ အနာဂတ်ဘဝလှပတင့်တယ်စေရန်အတွက် ဆုံးမသွန်သင်နည်းပေးလမ်းပြပြုလုပ်သူဖြစ်ရမည်။ တပည့်များက မိမိကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားလာစေရန် မိမိကိုယ်နှိုက်က တပည့်များ၏ စံနမူပြပုဂ္ဂိုလ်ဖြစ်ရန် အရေးကြီးပါသည်။ ဆရာဟူသည် ပါဠိစကားလုံး “ဆာယာ” မှ ဆင်းသက်လာသည့် စကားလုံးဖြစ်ပြီး အရိပ်ဟု အဓိပ္ပာယ်သက်ရောက်သည့်အတွက် ဆရာသည် တပည့်များအား အရိပ်သဖွယ် အကာအကွယ်ပေးသူ ဖြစ်ရပေမည်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လက်ခံထားသော ဆရာ့ကျင

အချိန်ခါရှိခိုက် လုံ့လစိုက်၍ ကျောင်းနေပျော်ပြီး ပညာတော်အောင် ရွက်ဆောင်ကြိုးပမ်း . . .

 

မောင်ငြိမ်းအေး


မိဘတိုင်း မိဘတိုင်းသည် မိမိတို့၏သားသမီးများကို  ဆင်စီး၍ မြင်းရံသည်ကို မြင်ချင်ကြသည်။ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် သားကောင်းသမီးကောင်း ဖြစ်လိုကြသည်။ များသောအားဖြင့် မိဘများသည် မိမိတို့သားသမီးများကို အရည်အချင်းကောင်းများ ရှိနေကြသူများဟုသာ ခံယူထားကြ၏။ ဆန်းစစ်လေ့လာ တွေ့ရှိချက်အရ ၇၀ ရာခိုင်နှုန်းသောကလေးငယ်များသည် ပတ်ဝန်းကျင်တွင် အသိဉာဏ်အဆင့်အတန်း အတန်အသင့်မြင့်မားကြသည်ဟု ဆိုထားသည်။
 

မိဘ၊ ဆရာ ကျောင်းသားလူငယ်များ လောကကို အလှဆင်ရာဝယ်…

 

 ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
 

လူတို့နေတဲ့ ကမ္ဘာဟာ ကျွန်းစုတွေလို လူမျိုး၊ ဘာသာ၊  ဆင်းရဲချမ်းသာ၊  အယူဝါဒ၊  ဂုဏ်ပကာသန၊  ကျား/မ ဆိုပြီး ခွဲခြားထားတဲ့သဘောရှိတယ်။ မိမိကို ဗဟိုပြုခြင်းကို ကြည်နူးတတ်ကြပါတယ်။ ဘဝချင်းမညီ၊ အလွှာချင်း၊ ဝါဒချင်းမတူ စတဲ့အကြောင်းတရားတွေကြောင့်   တစ်ဦးနဲ့တစ်ဦး၊  အဖွဲ့အစည်း အသင်းအပင်းတို့ရဲ့ ပေါင်းသင်းဆက်ဆံမှုပုံသဏ္ဌာန်တွေဟာ ခြားနား၊ တစ်ဦးနဲ့တစ်ဦး အထင်အမြင်သေး၊ မထီမဲ့မြင်၊ မတူမတန်၊  မလေးမစား၊  အဆင့် အတန်းခွဲခြားမှုတွေ ဂိုဏ်းဂဏကွဲပြားခွဲခြားတဲ့သဘောကို တွေ့ရတတ်ပါတယ်။ 
 

 

ပုပ္ဗာစရိယ မိနှင့်ဖ

ကျောင်းမအပ်၊ ကျောင်းမတက်ရေး လှုံ့ဆော်နေသူများသို့ . . .

 

မျိုးငြိမ်းငယ်

နိုဝင်ဘာလ ၁ ရက်နေ့က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။   ကိုဗစ်-၁၉  ကြောင့်  ကျောင်းတွေ ပိတ်ထားရတာလည်း လေးလကျော် ကြာခဲ့ပါတယ်။  ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော်    ပိတ်ထားခဲ့ရပါတယ်။      ဒီကာလ အတွင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နေ့စဉ် ဘဝတွေ ဘယ်လိုဖြတ်သန်းနေကြသလဲ၊ အနာဂတ် တွေဆိုတာ    ဘယ်လိုဖြစ်လာမယ်ဆိုတာ    မှန်းဆ ကြည့်လို့ ခက်ခဲခဲ့ပါတယ်။ 

 


ဒီဂယက်ကို  တွေ့ကြုံခံစားခဲ့ကြ

နိုင်ငံ့အတွက် အကျိုးရှိမည့် ဝန်ထမ်းများလိုချင်လျှင် တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် တကယ်သတ်မှတ်သင့်သည်များမှာ. . .

 

သိန်းမြင့်ကျော်

 

ယခုနှစ်    သိပ္ပံပညာထူးချွန်တံဆိပ် ပထမဆုရ အသက် ၈ဝ အရွယ် အငြိမ်း စားပါမောက္ခဆရာကြီး      တစ်ဦးနှင့် စကားပြောဖြစ်သည်။ ‘‘ဆရာမေးလို့သာ ပညာရေးစနစ်သစ်ကိုပြောရရင်   စနစ် က  အမြဲအသစ်သစ် ပြောင်းနေတော့ ဘယ်ဟာစနစ်သစ်မှန်းတောင်   မသိ တော့ပါဘူးဗျာ။  စနစ်တွေက    အမြဲ စမ်းသပ်တာမပြီးတော့       ပညာသင် ကလေးတွေဘဝ သနားစရာကောင်းတာ ပေါ့။’’ 

 

Subscribe to ပညာရေး