နိုင်ငံရေး

သစ္စာဖောက်တဲ့လား

ယခုတလော လေလှိုင်းပေါ်ကတစ်ဆင့် ကြေညာ ချက်ပေါင်းစုံကို အကြိမ်ကြိမ် အလီလီ ထုတ်ပြန် နေတဲ့ NUG  အဖွဲ့က ပြည်သူ့ဝန်ကိုထမ်းရွက်နေကြ တဲ့ Non CDM ပြည်သူ့ဝန်ထမ်းများကို နိုင်ငံ့သစ္စာ ဖောက်များရယ်လို့ အမည်မည်းစာရင်းကြေညာ ချက်တွေ ဆက်တိုက်ထုတ်ပြန်လျက်ရှိတာ တွေ့ရ ပါတယ်။ 
 သစ္စာဖောက်ဆိုတဲ့ စကားလုံးအသုံးအနှုန်းက  တကယ်တမ်းဆိုရရင်  ကြောင်းကျိုးမဆီလျော်တဲ့ အပြင် သဘာဝယုတ္တိ၊  အာဂမယုတ္တိကင်းမဲ့လွန်းလှ ပါတယ်။  ဒါ့အပြင်  ရပ်ကွက်ထဲက  အရက်ဝိုင်းမှာ ကိုယ်နဲ့အတူ  တွဲမသောက်လို့  စိတ်ခံစားချက်တွေ အရ ပေါက်ကွဲထွက်ပြီး စွပ်စွဲပြောသလိုမျိုးဖြစ်နေပါတယ်။

စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှိနေမည်ဆိုလျှင်

၂၀၂၀ ပြည့်နှစ်    အထွေထွေရွေးကောက်ပွဲတွင်  ကြီးမားသောမဲစာရင်း   မှားယွင်းမှုများဖြစ်ပေါ်ခဲ့သဖြင့်   တပ်မတော်က   အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာဝန်ယူ ဖြေရှင်းခြင်းမရှိဘဲ လျစ်လျူရှုခဲ့သည်။ ထို့အပြင် အာဏာရပါတီသည် တတိယအကြိမ် လွှတ်တော် များခေါ်ယူပြီး   အစိုးရဖွဲ့စည်းကာ   နိုင်ငံတော် အာဏာကို အတင်းအဓမ္မရယူရန်ပင် ကြိုးစားလာခဲ့ သည်။ ထို့ကြောင့် တပ်မတော်က  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းပြည်တာဝန်ကို ခေတ္တထိန်းသိမ်းခဲ့ ရသည်။ 

ကမ်းကုန်အောင်မိုက်သူများ 

ဖြေရှင်းရေးလား ပျက်သုဉ်းရေးလား

မြန်မာ့နိုင်ငံရေးသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းကြသလဲဆိုတာ သင်ခန်းစာယူစရာတွေ များလှပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းလို့ ကာလကန့်သတ်ဆိုရခြင်းကလည်း ခေတ်သစ်မြန်မာ့နိုင်ငံရေးအစဖြစ်လို့ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်ဆိုတာ ကမ္ဘာမှာ စစ်အေးခေတ်ကာလဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က လက်နက်ကိုင်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မှာ စစ်ပွဲတွေရဲ့ဒဏ်ကို လူသားတွေ ခါးခါးသီးသီး သိရှိနားလည်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိလား၊ မရှိဘူးလားဆိုတာကို ရွေးကောက်ပွဲ တစ်ရက်တည်းကြည့်ပြီး ဆုံးဖြတ်လို့မရ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ သုံးခုလုံးရဲ့ အခြေအနေတွေ၊ ဖြစ်ပျက်ခဲ့တာတွေကို သိစေလို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းအား  ဂျပန်သတင်းမီဒီယာဖြစ်သည့်  Mainichi Shimbun သတင်းစာက  အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့်ပတ်သက်၍ ဖော်ပြလိုက်ပါသည် -

 

Subscribe to နိုင်ငံရေး