နိုင်ငံရေး

NUG ရဲ့ တော်လှန်ရေး ... ဘာလဲ၊ ဘယ်လဲ

ပြည်ထောင်စုသားတစ်ဦး

================

 

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကို တော်လှန် ရေးနေ့(D-Day) နေ့အဖြစ် စတင်ကြောင်း NUG အဖွဲ့မှ ယာယီသမ္မတဆိုသူ ဒူဝါလရှီးလက ကြေညာ လိုက်သည်။


ချက်ချင်းဆိုသလိုပင်   ရိုးသားသောပြည်သူ အများစုသည် စိုးရိမ်တကြီး ရိက္ခာ၊ ဆေးဝါးများကို ဝယ်ယူစုဆောင်းကြသည်။          စူပါမားကက်များ၊ ဈေးဆိုင်များ၊     ဆေးဆိုင်များတွင်     လူများ ကြိတ်ကြိတ်တိုး   စည်ကားသွားသည်။  လူတို့၏ ပယောဂကြောင့် ကုန်ဈေးနှုန်းတို့က တက်ပြန်သည်။

တစ်ဖက်ပိတ်များ

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများကို လေ့လာခြင်း (အစ္စရေးနိုင်ငံ)

ရှင်ကုကူး

 

နိဒါန်း


၁၉၄၇ ခုနှစ် နိုဝင်ဘာလ  ၂၉  ရက်နေ့တွင်     ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်ချက် အရ     ပါလက် စတိုင်းဒေသ၌   ဂျူးလူမျိုးများအတွက် နိုင်ငံတစ်နိုင်ငံ        ထူထောင်ခွင့်ရရှိခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်အရ   ၁၉၄၈    ခုနှစ်   မေလ ၁၄   ရက်နေ့တွင်  နိုင်ငံထူထောင်ကြောင်း    ကြေညာခဲ့ ပါသည်။    ထိုနိုင်ငံမှာ      ခေတ်သစ်ဂျူးနိုင်ငံဟု ခေါ်သော အစ္စရေးနိုင်ငံပင်ဖြစ်သည်။ 


ပထဝီဝင်အနေအထား

မောဟဖုံးလွှမ်းနေသော ဒီမိုကရေစီ

သီတဂူဆရာတော်ကြီး  ရုရှားကို သွားတဲ့သတင်းဖတ်ရပါတယ်။ သွားတဲ့အကြောင်းရင်းက သာသနာပြုဖို့ကိစ္စလို့ သိရပါတယ်။ နိုင်ငံ တကာမှာ သာသနာပြုလုပ်ငန်း၊ သာသနာပြန့်ပွားရေးလုပ်ဖို့လို့ ဆိုပါ တယ်။ ဒါပေမဲ့ သီတဂူဆရာတော်ကြီးရဲ့     သာသနာရေးဆိုင်ရာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး တစ်ဖက် သတ်ထင်မြင်ယူဆချက်တွေနဲ့  ဆရာတော်ကြီးနဲ့တကွ  ဘာသာ သာသနာကို ထိပါး၊ ပုတ်ခတ်၊ စော်ကားနေကြတာကိုတွေ့ရတော့ အလွန်ပဲအကုသိုလ်များလှပါတယ်။


ခေတ်သစ်အဇာတသတ်တွေ

နိုင်ငံသားတိုင်း ခေတ်မီတိုးတက်စေဖို့ စာပေမီးရှူးတိုင်ထွန်းကြစို့

ကုလသမဂ္ဂပညာရေး၊   သိပ္ပံနှင့်   ယဉ်ကျေးမှုအဖွဲ့ (The United Nations Educational, Scientific and  Cultural  Organization - UNESCO)   က ၁၉၆၆ ခုနှစ်  အောက်တိုဘာလ  ၈ ရက်နေ့တွင် ကျင်းပသည့်  (၁၄)  ကြိမ်မြောက်  UNESCO ညီလာခံ၌  နှစ်စဉ်စက်တင်ဘာလ ၈   ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့ (Internatio- nal  Literacy Day) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ UNESCO အဆိုအရ ကမ္ဘာ့လူဦးရေ ၇၈၁ သန်းခန့် သည်  အခြေခံစာကိုပင်  ရေးနိုင်၊ ဖတ်နိုင်စွမ်းမရှိ သေးဟု ဆိုသည်။ တောင်အာရှနှင့် အနောက်အာရှ ဒေသတွင်  အရွယ်ရောက်သူ  စာတတ်မြောက်မှုနှုန်း သည် အနိမ့်ဆုံးဖြစ်ပြီး ပြည်သူ  ၅၈ ဒသမ ၆ ရာခိုင် နှုန်းသာ စာတတ်ကြသည်။ 

အကြမ်းဖက်ဝါဒကင်းစင်ဖို့ ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့

ကိုရေချမ်း

======

 

ပြီးခဲ့တဲ့ရက်သတ္တပတ်က   ရန်ကုန်တိုင်းဒေသကြီး   မှော်ဘီမြို့နယ် လျှပ်စစ်ရုံးနားမှာ အမှိုက်ကောက်တဲ့ ကလေးငယ်လေးတစ်ယောက် ဟာ အမှိုက်ထဲမှာ ပြန်လည်ရောင်းချလို့ရနိုင်တဲ့  ပစ္စည်းလေးတွေကို ရှာရင်း၊ ဖွေရင်း  ဗုံးထည့်ထားတဲ့  အထုပ်တစ်ထုပ်ကို  ဆွဲမိရာက ဗုံးပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ကလေး ကို သက်ဆိုင်ရာက ဆေးရုံကိုပို့ပေးပြီး အန္တရာယ်မရှိအောင် ကုသပေး နိုင်ခဲ့ပေမယ့် လက်တစ်ခုလုံး ဗုံးထိကျေမွဒဏ်ရာရခဲ့လို့ လက်ကောက် ဝတ်ကနေ ဖြတ်တောက်ပစ်လိုက်ရတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့တယ် လို့ သိရပါတယ်။

မီဒီယာအဆိပ်သင့်မှုနှင့် သတင်းတု၊ သတင်းမှားထောင်ချောက်က ရုန်းထွက်စေချင်

မြင့်မြတ်

------

 

နိုင်ငံတစ်နိုင်ငံမှာ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တရား ဥပဒေစိုးမိုးဖို့      လိုပါတယ်။    တရားဥပဒေစိုးမိုးရေးကို အဓိက ခြိမ်းခြောက်တဲ့အရာဟာ အကြမ်းဖက်လုပ်ရပ်တွေပါပဲ။ 

ဘကြီးမှန်နှင့် မဲကိစ္စဆွေးနွေးခန်း

ကျွန်တော်မောင်အေးချမ်းတို့ ရွာသာယာမှာတော့ ဘကြီးမှန်က ဗဟုသုတနှံ့စပ်သည်။ နှိုင်းနှိုင်းချိန်ချိန် သုံးသပ်ပြောဆိုနိုင်သည်။ ဘကြီးမှန်က အသက် ၇၀   ကျော်ပြီဖြစ်ပေမယ့်   သန်တုန်းမြန်တုန်း၊ စာဖတ်နိုင်တုန်းရှိသေးသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေးနှံ့စပ်သည်။  ကျွန်တော်တို့လူငယ်များက  နိုင်ငံရေးနှင့်ပတ်သက်ပြီး     သိလိုလျှင်   သူ့ထံ သွားရောက်မေးမြန်းဆွေးနွေးကြသည်။   သူ့ကို  ဘကြီးမှန်ဟုခေါ်ရခြင်းသည် ဘယ်သူ့မှအားမနာတတ်ဘဲ  မှန်မှန်ကန်ကန်   တုတ်ထိုးအိုးပေါက် ပြောတတ်သလို သူတပ်ထားရသည့် မျက်မှန်ထူထူကြီးကြောင့်လည်းပါသည်။   လူငယ်များကို  တန်ဖိုးထားပြီး ဆုံးမသွန်သင်တတ်သည်။ သူ့အိမ်လာလည်သည့်  လူငယ်များအတွက် လက်ဖက်၊ အကြော

Subscribe to နိုင်ငံရေး