လူမှုရေး

အသက်ရှူလေ့ကျင့်ခန်း များများလုပ်ပေးပါ

 

ကိုရေချမ်း
 

ကျွန်တော်တို့ ငယ်စဉ်က ကျောင်းအားရက်တိုင်း သူငယ်ချင်းတစ်သိုက် ဘောလုံးကန်ကြသည်။ ဘောလုံးကန်ကောင်းကြသဖြင့် ကျောင်းလက်ရွေးစင်များဖြစ် လာကြသည်။ ကျွန်တော်တို့အုပ်စုတွင် ဖိုးဇော်သည် ဘောလုံးတွင် အကောင်းဆုံးဖြစ်၍ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျောင်းချင်း ချိန်းကန်ပွဲ၊ ရပ်ကွက်ချင်း ချိန်းကန်ပွဲတွင် ဖိုးဇော်သည် အားအကိုးရဆုံး တိုက်စစ်မှူးဖြစ်သည်။ သူမပါလျှင် ပွဲမပြီး။  ပွဲများစွာ အနိုင်ရခဲ့သည်။ တစ်နာရီခွဲခန့် အချိန်ကြာကန်သည့် ဘောလုံးပွဲတိုင်းတွင် ဖိုးဇော်သည် မနားတမ်းတစ်ကွင်းလုံးပတ် ကန်နိုင်ခဲ့သည်။ ဖိုးဇော်၏ ကစားကွက်နှင့် သက်လုံကောင်းပုံမှာ အံ့မခန်းဖွယ်ဖြစ်သည်။

ညီညွတ်ခြင်းသည် အင်အား . . .

ဘမောင်တိုး
 

တိုင်းပြည်မှာ ဆူပူအကြမ်းဖက်အဖျက်လုပ်ရပ်တွေ ပေါ်ပေါက်နေတာဟာ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မကောင်းတဲ့အဖြစ်တွေပါပဲ။ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေမယ်ဆိုရင် ပြည်သူတွေ ဘယ်သူမှ ဝမ်းသာကြမှာ မဟုတ်ပါဘူး။ မြို့ရွာတွေမှာရှိတဲ့ ပြည်သူလူထုအများစုဟာ အကြမ်းဖက်အဖျက်လုပ်ရပ်တွေကြောင့် ကြောက်ရွံ့စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပူပန်သောက ရောက်နေကြမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ပြည်သူအားလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မကောင်းမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့သူတွေက အနည်းစုဖြစ်ပြီး စိုးရိမ်ထိတ်လန့်ဖြစ်ကြတဲ့ ပြည်သူတွေက အများစုဖြစ်မှာ သေချာပါတယ်။

 

မြန်မြန်တင်ဒါခေါ်၊ မြန်မြန်တူး၊ မြန်မြန်ရှာ၊ မြန်မြန်ထုတ်

ကျော်ကျော်လှိုင်(SMART)

==============

 

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိ သော သဘာဝဓာတ်ငွေ့များကို အိမ်နီး ချင်း  ထိုင်းနိုင်ငံနှင့်   တရုတ်နိုင်ငံသို့ ရောင်းချသည့်အပြင်     မြန်မာနိုင်ငံ အတွက်လည်း   လျှပ်စစ်ထုတ်လုပ်ရန် နှင့် စက်မှုလုပ်ငန်းများအတွက်လည်း ခွဲဝေသုံးစွဲပါသည်။ 

စိတ်ထားတတ်ခြင်း

ပီမိုးနင်း

=====

 

လူမွဲစိတ်ရှိလျှင် မွဲ၏။ သူဌေးစိတ်ရှိမှ သူဌေးဖြစ်မည်။ ငါလုပ်လျှင်   ဖြစ်ရမည်။   ငါကြံလျှင်  အောင်ရမည်။ ငါဆောင်လျှင် မြောက်ရမည်ဟူသောစိတ်ကို  အမြဲ ထားရမည်။ ထိုစိတ်သည် သံလိုက်စိတ်ဖြစ်၏။ မိမိ ၏အစွမ်းကို စိတ်ချလက်ချ မပေါ့မဆဘဲ ယုံကြည် သောသူသည် ဆောင်လျှင် မြောက်မြဲဖြစ်လေသည်။ အပြော၌လည်းကောင်း၊             ဟန်အမူအရာ၌ လည်းကောင်း   ဖြစ်မြောက်အောင်မြင်၍နေသော လက္ခဏာကို  ပေါ်စေရမည်။  ကိုယ်စိတ်အမူအရာမှာ ဖြစ်မြောက်အောင်မြင်သည့်အမူအရာရှိက တကယ့် ဖြစ်မြောက်အောင်မြင်သူ၏အဖြစ်ကို   ရတော့မည် ဟု ပုံသေမှတ်ရမည်။ 

ပြည်သူ့ဝန်ထမ်းဘဝ

 

ချစ်နိုင် (စိတ်ပညာ)

“အပေါ်ယံတွင် ဝတ်ဆင်ထားသော ဝတ်စုံကိုစွဲ၍ စစ်သား၊ အရပ်သား ခွဲခြားကြပါသည်။ အခေါ်အဝေါ်ပညတ်မျှသာ ဖြစ်ပါသည်။ စိတ်စေတနာမှန်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုမည်။ ပြည်သူက ကျွေးမွေးသော အစာအာဟာရကိုမှီဝဲ၍ ပြည်သူ့ကျေးဇူးသစ္စာကို စောင့်သိရိုသေမည်ဆိုလျှင် စစ်သည်ကောင်းလည်း ပီသသည်။ ဝန်ထမ်းကောင်းလည်းမည်သည်။ ပြည်သူ့အစေခံ (Public Servant) ဆိုသော ဂုဏ်ထူးကို စေတနာမှန်လျှင် မြတ်နိုးအပ်သည်။”                                                                                             ဒေါက်တာမောင်မောင် (၁၉၂၅ -၁၉၉၄)

 

Subscribe to လူမှုရေး