လူမှုရေး

လဲနေသူ ထူပေး အားငယ်သူ အားပေး

 

စာချစ်သူ

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယ လှိုင်းအဝှေ့တွင် အနယ်နယ်အရပ်ရပ်ရှိ  ဆေးဆိုင်များတွင် လူတွေအုံခဲလို့ နေကြ သည်။
“ဘိုင်အိုဂျက်ဆစ် ရှိလား”
“မရှိဘူး၊ ပါရာစီတမော့ပဲ ရှိတယ်”
“ရာဘာလက်အိတ်ကော   ရှိလား၊ 
ဘယ်လောက်လဲ”
“တစ်သောင်းနှစ်ထောင်”
ဘုရား၊ ဘုရား။ ပါရာစီတမော့ဆေး နှင့်       ရာဘာလက်အိတ်ဈေးနှုန်းက မတန်တဆ   ဖြစ်နေပါလား။   သို့နှင့် ငွေကျပ် လေးရာတန် ကြွပ်ကြွပ်အိတ် လက်အိတ်လေးနှင့်    ပါရာစီတမော့ နှစ်ကတ်သာ ဝယ်ဖြစ်တော့သည်။

 

စွယ်စုံရစာပေပညာရှင် ပင်ကိုရေးစာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

 

ရွှေကျော်(စာပေဗိမာန်)

(ယမန်နေ့မှအဆက်)

 


ဆရာကြီးရေးသားခဲ့သော   ဂန္ထဝင် မြောက်စာအုပ်များအနက်မှ -
နီရဲသော ဗိုလ်ဥတ္တမ

ကိုဗစ်ကူးစက်မှု ကင်းစင်တဲ့ ရပ်ရွာအဖြစ် ရှင်သန်နိုင်ဖို့ ……

 

ရတီ

နံနက်စောစော အဖေနဲ့ အမေ  နှစ်ယောက်သား အပြန်အလှန်စကားဆိုသံကြောင့် ကျွန်မ ပြုံးမိပါ တယ်။   “လက်ကို ခဏခဏဆေးပါ၊  လူစုလူဝေး ရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ” ဆိုတဲ့  ကိုဗစ် အသိပညာပေးသီချင်းတစ်ပိုင်းတစ်စ ကို အဖေက ဆိုပါတယ်။ ဒီလိုဆိုတော့ “အမေက သိပါတယ်တော်၊ ဆရာမလုပ်နဲ့၊ အကုန်ကြားဖူးပြီး သား”ဟု ဆိုပြန်ပါတယ်။ သူတို့ အတိုင်အဖောက်နဲ့ သူတို့။

 

နေပြည်တော်နှင့် ကိုဗစ်

 

မောင်အောင်

“ဟလို ဟလို မောင်အောင်လား”
နံနက်စောစောနေအိမ်တွင် ဖုန်းက ဝင်လာသည်။ ကျွန်တော်ပင် မဖြေရသေး သော်လည်း တစ်ဖက်က မေးလာချေပြီ။ ဒီအသံ ဒီအခေါ်အဝေါ်နှင့် ရင်းနှီးနေ၍ ပြန်၍ ဖြေလိုက်မိပါသည်။
“ဟုတ်ပါတယ်။   အမိန့်ရှိပါခင်ဗျာ။ ကျွန်တော် မောင်အောင်ပါ။”

 

လူမှုကွန်ရက်မှာ အသုံးချခံမဖြစ်ဖို့

 

မျိုးငြိမ်းငယ်

နည်းပညာတိုးတက်လာခြင်းဟာ လူတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုးတွေ ယူဆောင်လာပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူး။ ကမ္ဘာပေါ်က ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ သိခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေက ပြောင်းလဲနေပါပြီ။ ၁၉၆၉ ခုနှစ် ဇူလိုင်လက လကမ္ဘာပေါ်ကို လူသားတွေခြေချနိုင်တော့ တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ချီးမွမ်းအံ့ဩခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် လကမ္ဘာကို ကျော်လွန်ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၃၃  ဒသမ ၉ သန်းဝေးတဲ့ အင်္ဂါဂြိုဟ်ဆီကို အာကာသ စူးစမ်းလေ့လာရေးယာဉ်တွေ ဆင်းသက်နေပါပြီ။

 

စိတ်မချဘူး

 

သိုက်စိုးထွန်း(နတ်ရွာ)

သားလေးကို မူကြိုပို့တုန်းကပေါ့။ လေးနှစ်အရွယ်သားလေးတစ်ယောက်ကို ကျောင်းပို့ဖို့အတွက် နှစ်ဦးသား ပြင်ကြဆင်ကြရတာများ ဖတ်ဖတ်ကို မောနေကြရတယ်ဆိုရင် ယုံကြပါ့မလားမသိဘူး။ လွယ်အိတ်ထဲကို ဘာထည့်ပြီးပြီလဲ။ စာအုပ်လေးတွေ ပါရဲ့လား။ “အို၊ မူကြိုတန်းက စာမှမသင်သေးတာ၊ ဘာစာအုပ်များယူစရာလိုလို့လဲ”လို့မေးတော့ “သူများတွေ အရောင်ခြယ်ရင် သူလည်းခြယ်လို့ရအောင်၊ တခြားကလေးတွေ ဟိုခြစ်ဒီခြစ် ခြစ်တာမြင်ရင် သူလည်းလိုက်ခြစ်လို့ ရေးလို့ရအောင်”တဲ့။ သူ့အမေကတော့ သားအတွက် လိုလေသေးမရှိအောင် ပြင်ဆင်ပေးနေပြန်တယ်။

 

Subscribe to လူမှုရေး