လူမှုရေး

ကိုဗစ်ကူးစက်မှု ကင်းစင်တဲ့ ရပ်ရွာအဖြစ် ရှင်သန်နိုင်ဖို့ ……

 

ရတီ

နံနက်စောစော အဖေနဲ့ အမေ  နှစ်ယောက်သား အပြန်အလှန်စကားဆိုသံကြောင့် ကျွန်မ ပြုံးမိပါ တယ်။   “လက်ကို ခဏခဏဆေးပါ၊  လူစုလူဝေး ရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ” ဆိုတဲ့  ကိုဗစ် အသိပညာပေးသီချင်းတစ်ပိုင်းတစ်စ ကို အဖေက ဆိုပါတယ်။ ဒီလိုဆိုတော့ “အမေက သိပါတယ်တော်၊ ဆရာမလုပ်နဲ့၊ အကုန်ကြားဖူးပြီး သား”ဟု ဆိုပြန်ပါတယ်။ သူတို့ အတိုင်အဖောက်နဲ့ သူတို့။

 

နေပြည်တော်နှင့် ကိုဗစ်

 

မောင်အောင်

“ဟလို ဟလို မောင်အောင်လား”
နံနက်စောစောနေအိမ်တွင် ဖုန်းက ဝင်လာသည်။ ကျွန်တော်ပင် မဖြေရသေး သော်လည်း တစ်ဖက်က မေးလာချေပြီ။ ဒီအသံ ဒီအခေါ်အဝေါ်နှင့် ရင်းနှီးနေ၍ ပြန်၍ ဖြေလိုက်မိပါသည်။
“ဟုတ်ပါတယ်။   အမိန့်ရှိပါခင်ဗျာ။ ကျွန်တော် မောင်အောင်ပါ။”

 

လူမှုကွန်ရက်မှာ အသုံးချခံမဖြစ်ဖို့

 

မျိုးငြိမ်းငယ်

နည်းပညာတိုးတက်လာခြင်းဟာ လူတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုးတွေ ယူဆောင်လာပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူး။ ကမ္ဘာပေါ်က ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ သိခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေက ပြောင်းလဲနေပါပြီ။ ၁၉၆၉ ခုနှစ် ဇူလိုင်လက လကမ္ဘာပေါ်ကို လူသားတွေခြေချနိုင်တော့ တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ချီးမွမ်းအံ့ဩခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် လကမ္ဘာကို ကျော်လွန်ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၃၃  ဒသမ ၉ သန်းဝေးတဲ့ အင်္ဂါဂြိုဟ်ဆီကို အာကာသ စူးစမ်းလေ့လာရေးယာဉ်တွေ ဆင်းသက်နေပါပြီ။

 

စိတ်မချဘူး

 

သိုက်စိုးထွန်း(နတ်ရွာ)

သားလေးကို မူကြိုပို့တုန်းကပေါ့။ လေးနှစ်အရွယ်သားလေးတစ်ယောက်ကို ကျောင်းပို့ဖို့အတွက် နှစ်ဦးသား ပြင်ကြဆင်ကြရတာများ ဖတ်ဖတ်ကို မောနေကြရတယ်ဆိုရင် ယုံကြပါ့မလားမသိဘူး။ လွယ်အိတ်ထဲကို ဘာထည့်ပြီးပြီလဲ။ စာအုပ်လေးတွေ ပါရဲ့လား။ “အို၊ မူကြိုတန်းက စာမှမသင်သေးတာ၊ ဘာစာအုပ်များယူစရာလိုလို့လဲ”လို့မေးတော့ “သူများတွေ အရောင်ခြယ်ရင် သူလည်းခြယ်လို့ရအောင်၊ တခြားကလေးတွေ ဟိုခြစ်ဒီခြစ် ခြစ်တာမြင်ရင် သူလည်းလိုက်ခြစ်လို့ ရေးလို့ရအောင်”တဲ့။ သူ့အမေကတော့ သားအတွက် လိုလေသေးမရှိအောင် ပြင်ဆင်ပေးနေပြန်တယ်။

 

အတိတ်သမိုင်းက ဆိုးမွေကို မျက်မှောက်သမိုင်းတွင် မပါစေလို

 

  စံထိပ်ထားနိုင်  
 

(ယမန်နေ့မှ အဆက်) 


ထိုအချိန်ကာလက ရဲဘော်ဖြူများ သည် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ တောင်သာ၊ မိတ္ထီလာတစ်ခွင် စိုးမိုးထား သည့်အချိန်လည်း ဖြစ်သည်။ ရဲဘော်ဖြူ များသည် ပုပ္ပားတောင်ကိုပါ သိမ်းထား သည်။ ထိုစဉ်က ပုပ္ပားတောင် ပြန်လည် သိမ်းယူရန်   ကြိုးပမ်းခဲ့သည့်  ဖြစ်စဉ် နှင့်  ပုပ္ပားတောင်ကလပ်ပေါ်   တက်ရင်း   တွေ့ကြုံခဲ့ရပုံကို   ဖတ်ရှုရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ 

 


မိဘအပေါ် တန်ဖိုးထား

ရှုလော့. . စဉ်းစားလော့. . သင်ယူလော့. . အားကုန်ထုတ်၍ အလုပ်လုပ်ကြလော့

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

============================

 

 

(ယမန်နေ့မှအဆက်)

 

သမိုင်းဒေဝီ - ဆရာမကြီးဒေါ်ကြန်

မှုန်ရွှေရည် (စာပေဗိမာန်)
 

(ဇူလိုင် ၂၄ ရက်မှအဆက်)


၁၉၇၈ ခုနှစ်အတွက် အမျိုးသားစာပေဆုကို မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်ဖြင့် ဆုရရှိသောအခါ ကြေးမုံသတင်းစာက ဆရာမကြီး နှင့် အင်တာဗျူးပြုလုပ်ပါသည်။  ဆရာမကြီးဒေါ်ကြန် က -


“မြန်မာ့သမိုင်းကို မြန်မာ့အမြင်ဖြင့် မြန်မာတို့ က ရေးသားမှုနည်းပါးသေးကြောင်း၊ နိုင်ငံခြားသား သုတေသီများ ရေးသမျှနှင့်သာ  တင်းတိမ်နေခဲ့ရ ကြောင်း၊ ယခုကဲ့သို့ မြန်မာ့သမိုင်းနှင့်ပတ်သက်၍ ကြိုးစားပြုစုခဲ့သော စာအုပ်ဆုရသဖြင့်  ဂုဏ်ယူပါ ကြောင်း…” ပြောကြားခဲ့ပါသည်။

 

ဖေ့စ်ဘွတ်က ဘ၀မဟုတ်

 

ကျော်ကျော်လှိုင် (SMART)

ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာများစွာရှိသည့်အနက် လူအများဆုံးအသုံးပြုသည့်  ဆိုရှယ်မီဒီယာမှာ ဖေ့စ်ဘွတ် ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၉  ဘီဘီယံ တွင်  ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ဒသမ ၇ ဘီလီယံ  ရှိပါသည်။  ကမ္ဘာ့လူဦးရေ၏   ၃၄ ရာခိုင်နှုန်း ဖေ့စ်ဘွတ်  သုံးစွဲပါသည်။  မြန်မာနိုင်ငံတွင်  ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်း ရှိသည်ဟု  မှတ်တမ်းများက ဆိုပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းက  ဖေ့စ်ဘွတ်သုံးစွဲနေသည့်သဘောပါ။ ကမ္ဘာမှာ   သုံးစွဲသည့် ရာခိုင်နှုန်းထက် များစွာပိုနေပါသည်။   ဤအချက်သည် စိုးရိမ်စရာ ဖြစ်ပါသည်။ 
 

အဘယ့်ကြောင့်ဆိုသော်

Subscribe to လူမှုရေး