ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် နှစ်လဲသက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်ရန် အသိပေးကြေညာ
v ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် (၁-၁၂-၂၀၂၀) ရက်နေ့မှစ၍ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ (၂၂-၃-၂၀၂၁) ရက်နေ့မှစ၍ နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
v ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက (၁၇-၇-၂၀၂၁) ရက်နေ့မှ (၁၀-၉-၂၀၂၁) ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ပေးခဲ့ပါသည်။