Announcement
စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ မြို့နယ်များအား မိမိနေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်မှ ပယ်ဖျက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၄၂၉/၂၀၂၁
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
အခြေခံပညာကျောင်းများ ၂၇-၉-၂၀၂၁ ရက်နေ့မှ ၂၄-၁၀-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၂၅/ ၂၀၂၁
၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
မြန်မာနိုင်ငံပြန်တမ်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခြင်း ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ ထုတ်ပြန်ကြေညာ
ပြည်ပပို့ကုန်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက သတ်မှတ် ထားသည့် ကုန်ပစ္စည်း အရည်အသွေး စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်မှသာ ဈေးကွက်သေချာစေမည်ဖြစ်ပြီး မလိုလား အပ်သော ထိခိုက်ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ် တင်ပို့ခြင်းနှင့်ပတ်သက်၍ ကုန်သွယ်မှု ချောမွေ့ စေရန် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်းသဘောတူညီမှုများအရ စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့သူလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ အသိပေးခြင်း
၁။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ-
(က) မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချရန်၊
(ခ) ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန်၊
(ဂ) ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန်တို့ကို ရည်ရွယ်ချက်များ ထားရှိ၍ ဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ သက်ရောက်မှုကြောင့်ထိခိုက်မှုရှိနေသော ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားရာတွင် အကျုံးဝင် ကိုက်ညီရန်လိုအပ်သော သတ်မှတ်ချက်များ အသိပေးကြေညာခြင်း
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာ Website များတွင် ကြေညာ ခဲ့ပြီးဖြစ်ပါသည်။
၂။ အဆိုပါ ချေးငွေကို အောက်ပါအချက်များနှင့် အကျုံးဝင်ကိုက်ညီသော လုပ်ငန်းများက လျှောက်ထား နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-