အသိပေးကြေညာချက်
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် Covid-19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက် အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်း လုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။