မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကြေညာချက် (၅/ ၂၀၂၁) ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ သောကြာနေ့
၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မြန်မာနိုင်ငံနှင့် မြန်မာ့ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအလို့ငှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီမံအုပ်ချုပ်ရေးမဏ္ဍိုင်ကြီးများနှင့်အတူ တည့်မတ်ခိုင်မာသည့် စတုတ္ထ မဏ္ဍိုင်အဖြစ် ဟန်ချက်ညီစွာ ပေါင်းစည်းလျက် မီဒီယာကဏ္ဍ၏ ရပ်တည်မှုခိုင်မာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။