ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိရန်လို
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိနေကြကြောင်း သတင်းများတွင် တွေ့ရှိရသည်။ အထူး သဖြင့် လူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ် များတို့က ပြည်တွင်းဖူလုံရေး၊ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသွင်းကုန်များ အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်း သုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမှာဖြစ်သည်။