ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် အခြေခံကောင်းများရှိသည့် မြို့တော်
နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး နိုင်ငံ၏ အချက်အချာကျသော ဒေသတွင်တည်ရှိသည်။ တစ်ချိန်က နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ပြီး ယခု စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အဓိကမြို့ကြီးဖြစ် သည့် မန္တလေးမြို့တို့၏ကြားတွင် တည်ရှိနေသည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရေခံမြေခံကောင်းများ ရှိရာ ဒေသလည်းဖြစ်သည်။