နိုင်ငံ့ဝန်ထမ်းအပေါင်းတို့ ကျေပွန်ကြရမည့် နိုင်ငံ့အရေး
နိုင်ငံတစ်နိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပုံဖော်တည်ဆောက်ကြ ရသည့် အဓိကတာဝန်ကို ထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့ နှင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အစိုးရအဖွဲ့ကို ရွေးကောက်ပွဲတွင် ပြည်သူက ရွေးကောက်တင်မြှောက် ပေးလိုက်သည့် ကိုယ်စားလှယ််များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်ရာ အစိုးရအဖွဲ့သည် သက်တမ်းအလိုက် ပြောင်းလဲမည် ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများကိုလိုက်၍ မူဝါဒများလည်း ပြောင်းလဲ နေမည်ဖြစ်သည်။