မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဒေသအကျိုး၊ ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးလမ်းကြောင်းမှ ငြိမ်းချမ်းစွာ လျှောက်လှမ်း
ငြိမ်းချမ်းရေးသည် မိမိတို့နိုင်ငံအတွက် အဓိကအကျဆုံးလိုအပ် ချက်ဖြစ်သကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လိုလားချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငြိမ်းချမ်းပြီ၊ စည်းလုံးညီညွတ်မှုရရှိပြီဟု ဆိုနိုင်သည်နှင့် မကြာမြင့်သောကာလအတွင်း အိမ်နီးချင်းနိုင်ငံ များနှင့် ရင်ပေါင်တန်းကာ စုပေါင်းကြိုးပမ်းအားထုတ်ကြသည် နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုမြင့်မား၍ ထိပ်တန်းသို့ရောက်ရှိသွား မည်မှာ သေချာသည်။
အထူးတန်းဝင် မြန်မာ့ကော်ဖီဖြင့် ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်
ကမ္ဘာပေါ်တွင် နှစ်စဉ် ကော်ဖီကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိပြီး ရေနံပြီးလျှင် ဒုတိယအများဆုံး ကုန်သွယ်မှုပြုသည့် ကုန်စည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဝယ်လိုအားရှိသလောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဈေးကောင်း ရနေသည့် ကုန်စည်လည်း ဖြစ်နေသည်။
တက်ကြွသော အင်အားများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေး နိုင်သည့် အကြောင်းတရားများသည် ပြည်ပတွင် မရှိဘဲ ပြည်တွင်း၌သာ ရှိနေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲနွမ်းပါးနေသည်ကို လေ့လာကြည့်လျှင် ယင်းနိုင်ငံသည် မိမိတွင်ရှိနေသော ငွေကြေးအင်အား၊ ရုပ်ဝတ္ထု အင်အားနှင့် လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိရှိ ထိထိရောက်ရောက် မစုစည်း၊ မသုံးစွဲနိုင် သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟူ၍လည်း အဆိုရှိသည်။
ဓာတ်အားအလေအလွင့်မရှိစေရေး ဓာတ်အားသုံးစွဲသူတိုင်းက သတိပြု
မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်းပြည့် လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအခြေအနေတွင်မူ ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ ဓာတ်အားသုံးစွဲခွင့်ရရှိနေပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အနှောင့်အယှက် အဖျက်အဆီးများနှင့် အခက်အခဲစိန်ခေါ်မှုများကို ရင်ဆိုင် နေရခြင်းဖြစ်ရာ ယင်းအနှောင့်အယှက် အခက်အခဲများကို ကျော်လွှားနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီမှုများ လိုအပ်လျက်ရှိသည်။
စာပေတာဝန် ကျေပွန်ကြစေရာ
စာသည်စကားကို သင်္ကေတပြု၍ အက္ခရာတင်ကာ ရေးမှတ် သည့် စနစ်တစ်ခုဖြစ်ပြီး စာပေဟူသည်ကမူ စာကို ရသမြောက် အောင်၊ အနုပညာသဘောပါအောင် ရေးဖွဲ့ခြင်းဖြစ်သည်ဟူ၍ ယေဘုယျသဘော ဖွင့်ဆိုနိုင်သည်။ စာပေသည် ယဉ်ကျေးမှု တစ်ရပ်ပင်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်ဒြပ်မြင့်မားမှုကို ထိုနိုင်ငံ၏ အမျိုးသားစာပေအဆင့်အတန်း အားဖြင့်လည်း ချိန်ထိုးသတ်မှတ်သည့်အလျောက် စာပေမြင့် မှ လူမျိုးတင့်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။
စာပေတာဝန် ကျေပွန်ကြစေရာ
စာသည်စကားကို သင်္ကေတပြု၍ အက္ခရာတင်ကာ ရေးမှတ် သည့် စနစ်တစ်ခုဖြစ်ပြီး စာပေဟူသည်ကမူ စာကို ရသမြောက် အောင်၊ အနုပညာသဘောပါအောင် ရေးဖွဲ့ခြင်းဖြစ်သည်ဟူ၍ ယေဘုယျသဘော ဖွင့်ဆိုနိုင်သည်။ စာပေသည် ယဉ်ကျေးမှု တစ်ရပ်ပင်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်ဒြပ်မြင့်မားမှုကို ထိုနိုင်ငံ၏ အမျိုးသားစာပေအဆင့်အတန်း အားဖြင့်လည်း ချိန်ထိုးသတ်မှတ်သည့်အလျောက် စာပေမြင့် မှ လူမျိုးတင့်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။
ကျန်းမာရေးအတွက် ဆေးတစ်လက်
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်ဟု ဖော်ညွှန်းကြသည်။ လွန်စွာ လွယ်ကူသလောက် ငွေကုန်ကြေးကျလည်း နည်းလွန်းလှ သည့် လမ်းလျှောက်ခြင်းအားဖြင့် ရရှိလာနိုင်သည့် ကျန်းမာ ရေးရလဒ်အကျိုးကျေးဇူးများမှာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင်ပင် များပြားလှသည်။ သို့ရာတွင် နေ့စဉ်မှန်မှန် မပျက်မကွက် လမ်းလျှောက်ရန်အတွက် မိမိကိုယ်ကို တာဝန်ယူနှိုးဆော်ထားရမည်ဖြစ်သည်။