မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး သေး၊ ငယ်၊ လတ် စီးပွားရေးမြှင့်တင်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း အဖြစ် တည်ရှိနေရာ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အား ဖြစ်သည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့် အလျောက် နိုင်ငံတော်က အလေးအနက်ထား ဆောင်ရွက် လျက်ရှိသည်။
နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့
၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်သို့ ကျရောက်သွားခဲ့ရပြီးနောက် မြန်မာတိုင်းရင်း သားတို့၏ ခုခံတော်လှန်မှုများ ဒေသအနှံ့အပြားတွင် ပေါ်ထွက် လာခဲ့ရာ နယ်ချဲ့ဗြိတိသျှအစိုးရသည် စစ်စရိတ်ပမာဏကြီးမား စွာ အသုံးပြုလျက် ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက်တိုက်ခိုက်ခဲ့ ရသည်။ ၎င်းတို့၏ ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် နှိပ်ကွပ် မှုများကြောင့် ခုခံတွန်းလှန်မှုများ တစ်စတစ်စ လျော့နည်း သွားခဲ့သော်လည်း နယ်ချဲ့ဆန့်ကျင်ရေးအတွက် ပြန်လည် အားမွေးနေခဲ့ခြင်းသာဖြစ်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အကျိုးမပြုနိုင်သည့်ကြေညာချက်
လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်း အားထုတ်မှုများအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ် ကြေညာချက် အမှတ် ၂၀၂၃ - ၀၂ ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမေရိကန် လွှတ်တော်က ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးရေးဥပဒေပါ အနိမ့်ဆုံး စံနှုန်းများအတိုင်း သို့မဟုတ် စံနှုန်းများနှင့်အညီ လိုက်လျော ညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ်မှု အနည်းဆုံးနိုင်ငံများ တွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်အဖွဲ့အစည်းနှင့် မူးယစ်မှောင်ခိုတို့ ခိုလှုံရာ
၂၀၁၃ ခုနှစ်တွင် Harakah al - Yaqin (ယုံကြည်ချက်အခြေခံ လှုပ်ရှားမှု)ဟူ၍ အာရေဗျဘာသာဖြင့် အမည်ပေးထားသည့် အဖွဲ့က ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ARSA (Arakan Rohingya Salvation Army)ဟူ၍ ဖြစ်လာသည်။ အစ္စလာမ္မစ် ဝါဒီများဟု ကမ္ဘာက ရှုမြင်သွားနိုင်စေမည့် အာရေဗျအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်အမည်ပေး ပြီး ၎င်းတို့၏ပုံရိပ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ARSA အကြမ်းဖက်အဖွဲ့အစည်းမှာ စင်စစ်အားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကပင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တွင် ဆူပူသောင်းကျန်းခဲ့ကြသည့် မူဂျာဟစ်ဒင်လှုပ်ရှားမှု၏ အဆက်အနွယ်ပင်ဖြစ်သည်။
ကျန်းမာခြင်းဆုလာဘ်ရရှိဖို့ နေ့စဉ်မှန်မှန် လမ်းလျှောက်စို့
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်အတွက် ပုံမှန်ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုပြုလုပ်ရန်လိုသည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုဟုဆိုရာတွင် (၁) သက်လုံကောင်းမှု၊ (၂)ကြွက်သားသန်မာမှု၊ (၃) ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်း နိုင်မှု၊ (၄) ခန္ဓာကိုယ်ပျော့ပျောင်းမှုဟူသော အကျိုးများ ရရှိနိုင်စေရန်အတွက် ဆိုင်ရာဆိုင်ရာလေ့ကျင့်ခန်းများကို အစီအစဉ်ဖြင့် စနစ်တကျပြုလုပ်ကြခြင်းဖြစ်သည်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများက ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေသည်ဆိုခြင်းကို သိရှိထားကြသည့်တိုင် လက်တွေ့တွင် မလုပ်နိုင်၊ မလုပ်ဖြစ်ကြသည်က များသည်။
တရားဥပဒေစိုးမိုးရေးတွင် အများပြည်သူပူးပေါင်းပါဝင်
ရန်ကုန်မြို့တွင် မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းဖြစ်သည့် YBS ယာဉ်လိုင်းအမှတ် (၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်များထံမှ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့ရိုက်နှက်လုယက်မှုကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သည့်အဆင့်မှ အတင့်ရဲစွာ ဖြင့် အုပ်စုဖွဲ့ရိုက်နှက်လုယက်မှုများအထိ ကျူးလွန်လာကြသည့် အပေါ် လူမှုကွန်ရက်များတွင် ထုတ်ဖော်မှုများ၊ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။
အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှု နည်းပရိယာယ်မျိုးစုံတို့ကို သတိပြု
အွန်လိုင်းမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်မှုများ အများအပြားဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ သတိထားကြရန် လိုအပ်သည်။ လူတို့၏ အားနည်းချက်များဖြစ်သော မသိ နားမလည်မှု၊ အယုံလွယ်မှုနှင့် လောဘတရားတို့ကို အသုံးချ ကာ အွန်လိုင်းမှ လိမ်လည်သူများက သားကောင်များကို ရှာဖွေပြီး အမြတ်ထုတ်နေကြခြင်းဖြစ်သည်။
ရေကို မူလချွေတာကြစို့
စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အဓိကအားထားနေ ရသည့် မိမိတို့နိုင်ငံအဖို့ ရာသီဥတုပြောင်းလဲမှုအပေါ်တွင် မျက်ခြည်မပြတ် သတိပြုနေရန် လိုအပ်သည်။ ရာသီအလိုက် သီးနှံများ စိုက်ကြရာတွင် ပြောင်းလဲလာသည့် ရာသီဥတု၏ ဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံပုံစံများ၊ သီးနှံမျိုးများ စသည် ဖြင့် လိုက်ပါပြောင်းလဲရန် လိုသကဲ့သို့ စိုက်နည်းစနစ်များကို လည်း လိုအပ်သလို လိုက်ပါပြောင်းလဲနိုင်ကြရမည်ဖြစ် သည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း၏ မရှိမဖြစ်သော ရေကို အလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံး သုံးစွဲနိုင်ရန် အလေ့အကျင့်ပြုကြရမည်ဖြစ်သည်။