နိုင်ငံအတွက် အရေးပါသည့် ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍ
သက်တမ်း ၁၄၅ နှစ်ကျော်ပြီဖြစ်သည့် မြန်မာ့မီးရထားသည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ရထားသယ်ယူပို့ဆောင် ရေးစနစ်သည် လူနှင့် ကုန်စည်ပမာဏအမြောက်အမြားကို အချိန်တိုတို၊ ကုန်ကျစရိတ်သက်သက်သာသာဖြင့် တစ်ပြိုင် တည်း သယ်ယူပို့ဆောင်ပေးနိုင်သည့် စနစ်တစ်ခုဖြစ်ရာ နိုင်ငံ နှင့် ပြည်သူအတွက်လည်း လွန်စွာအကျိုးဖြစ်ထွန်းစေသည်။