မြန်မာ့အလင်းအယ်ဒီတာအာဘော်
မွေးမြူရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင် ဇီဝမြေဩဇာများ ထုတ်လုပ်ရန်ကြိုးပမ်း
လယ်ယာစိုက်ပျိုးရေးကဏ္ဍ သီးနှံအထွက်တိုးတက်ရေး အတွက် လိုအပ်သည့် သွင်းအားစုများတွင် မြေဩဇာကို လုံလုံလောက်လောက် ရရှိအသုံးပြုနိုင်ရေးက လွန်စွာအရေးပါ သည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးသည့် သီးနှံအမယ်စုံအနက် စပါးသီးနှံက မြေဩဇာသုံးစွဲမှုပမာဏအများဆုံးဖြစ်သည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆေ ာင်းသီးနှံ ပဲတီစိမ်းဧက ငါးသိန်းနှင့် နွေစပါးဧက ရှစ်သိန်းခွဲတို့ စိုက်ပျိုးသွားမည်ဖြစ်ရာ အရေးကြီးသော သွင်းအားစုဖြစ်သည့် မြေဩဇာရရှိရန်လည်း လိုအပ်လာသည်။
ပြည်သူအားလုံး ပါဝင်ကြရမည့် တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ တရားဥပဒေစိုးမိုး လျှင် ရပ်ရွာအေးချမ်းသာယာမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုကင်းမဲ့ပါက ရပ်ရွာ ပူမည်ဖြစ်သည်။ အများပြည်သူ အကျိုးအတွက် ပြဋ္ဌာန်းထားသည့် တရားဥပဒေက လူ့ရပ်လူ့ရွာ၊ လူ့အဖွဲ့အစည်းတို့ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းပေးထားခြင်းဖြစ်ရာ တရား ဥပဒေစိုးမိုးမှု မပျက်ပြားစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုသည်။
ပြည်ပသွင်းကုန် စက်သုံးဆီနှင့် စားသုံးဆီ ချွေတာသုံးစွဲခြင်းဖြင့် တင်သွင်းမှုလျှော့ချ
နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်ပမှ စက်သုံးဆီနှင့် စားသုံးဆီများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းမှာကြားခဲ့သည်။ စက်သုံးဆီနှင့် စားသုံးဆီများ ကို ပြည်တွင်း၌ သုံးစွဲမှုလျှော့ချနိုင်မှသာ ပြည်ပမှ တင်သွင်းမှု ကို လျှော့ချနိုင်မည်ဖြစ်သည့်အလျောက် ပြည်တွင်းသုံးစွဲမှု လျှော့ချနိုင်ရေး လမ်းညွှန်မှာကြားမှုများကိုလည်း လိုက်ပါ အကောင်အထည်ဖော်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
ဒေသခံလူထု၏ စွမ်းပကားဖြင့် သန့်ရှင်းစိမ်းလန်းသည့်မြို့များ ဖော်ဆောင်
၂၀ ရာစု အစပိုင်းတွင် ကမ္ဘာတစ်ခွင်ရှိ မြို့ကြီးများ၌ နေထိုင်သူ ၁၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၁ ရာစု အစပိုင်းသို့ ရောက်ရှိလာ သည့်အခါ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။ ကျေးလက် ဒေသများမှ ပြောင်းရွှေ့အခြေချလာသူများကြောင့် မြို့ပြများ တစ်စတစ်စ ကြီးထွားလာရခြင်းသည် တစ်ဖက်တွင်လည်း နေထိုင်ရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ၊ စွမ်းအင်နှင့် လောင်စာ၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို မြင့်မားလာစေသည်။ မိမိတို့နိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဆယ်စုနှစ် အလိုက် နှိုင်းယှဉ်ကြည့်ပါက မြို့ပြဒေသများ ကြီးထွားလာနေ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။
မိသားစုအကျိုး၊ နိုင်ငံ့အကျိုး ပြည်ပဝင်ငွေ ကြိုးပမ်းရှာဖွေ
မြန်မာနိုင်ငံ၏လူဦးရေတွင် အလုပ်လုပ်နိုင်သည့် အရွယ်ရှိ လူဦးရေအချိုးအစား များသည့်အတွက် လူဦးရေဆုလာဘ်ရရှိ ထားသော နိုင်ငံဟုပင်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် အနက် အရွယ်ကောင်းလူငယ်များစွာတို့မှာ ရွှေ့ပြောင်းအလုပ် သမားများအဖြစ်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ပြီးလျှင် မြန်မာနိုင်ငံသည် ပြည်ပသို့ အလုပ်သမားတင်ပို့ မှု တတိယအများဆုံးနိုင်ငံဟူ၍လည်း ဆိုကြသည်။
အကျိုးစီးပွားကိုယ်စီမြင့်မားကြမည့် အကျိုးတူလယ်ယာစနစ်တွင် ပါဝင်
ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူထုတ်ကုန် များ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် အကျိုးတူလယ်ယာ(Contract Farming) စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။
အကြံသစ်၊ ဉာဏ်သစ်၊ ခွန်အားသစ်များဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားအောင် ကြိုးပမ်း
ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်း များကို အားပေးမှုမရှိခဲ့ခြင်းကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်ခန့်မှ စတင်ကာ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်ခဲ့ သည်။ ပြည်တွင်း၌ လိုအပ်သည့် ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုများပြားခဲ့ရာ ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ လိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့် ဖြေရှင်းခဲ့ရသည်။
ပြည်တွင်းခရီးသွား ဖွံ့ဖြိုးရေးအတွက် ဒေသများတည်ငြိမ်အေးချမ်းဖို့လို
ယခုသီတင်းကျွတ်ပွင့်လင်းရာသီ ကျောင်းပိတ် ရုံးပိတ်ရက်များ အတွင်း ပြည်တွင်းခရီးစဉ်ဒေသများ၌ ခရီးသွားပြည်သူများ စည်ကားခဲ့ရာ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နှစ်နှင့်ချီ၍ ရပ်ဆိုင်း သွားခဲ့ရသည့် ခရီးသွားလုပ်ငန်းများအတွက် မျှော်လင့်ချက်များ မြင့်မားလာစေခဲ့သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် နိုးထလာခြင်းသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ပြန်လည် လည်ပတ်လာရန်အတွက် စ မှတ်ပင်ဖြစ်သည်။