အဆင်ခြင်မဲ့ အကြမ်းဖက်မှုနှင့် ပြည်ဖျက်မီဒီယာတို့၏ ဖုံးကွယ်မှု
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်း ထောင် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အအုံအတွင်းနှင့် အပြင်ဘက်တို့တွင် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ ပေါက်ကွဲ မှုကြောင့် ထောင်ဝန်ထမ်းများနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ ၎င်း သတင်းကို မီဒီယာအသီးသီးတို့က ဖော်ပြခဲ့သလို အကြမ်းဖက် အဖွဲ့နှင့် အပေါင်းအပါမီဒီယာတို့ကလည်း ၎င်းတို့၏အာဘော်များ အတိုင်း ဝါဒဖြန့်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြသည်။