ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကို ဖိုးသုညများနှင့် တည်ဆောက် ၍မရ။ တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များနှင့်သာလျှင် တည်ဆောက်၍ရသည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ပြည်သူလူထုပညာရေးနိမ့်ကျမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့မှာ နိုင်ငံ အတွက် အန္တရာယ်ကိုဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပညာရေးအခြေအနေမှာ ဆယ်စုနှစ်များနှင့်ချီ၍ ပြုပြင်ပြောင်းလဲ တည်ဆောက်သွားရမည်ဖြစ်ရာ ဆရာများ၏ ကဏ္ဍမှာ အဓိက အရေးပါသည်။