တရားဝင်သွားရောက် အလုပ်လုပ်ကိုင် တရားဝင်ဘဏ်များမှ စိတ်ချစွာလွှဲပို့
ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့် ကာလ အတွင်း နှစ်နှစ်ကျော်ခန့်ကြာမြင့်အောင် အလုပ်သမားများ စေလွှတ်မှုကို ရပ်နားထားခဲ့ရသည်။ နှစ်နိုင်ငံနားလည်မှု စာချွန် လွှာ MoU စနစ်ဖြင့် ထိုင်းသို့ လုပ်သားစေလွှတ်မှုကို ယခုနှစ်မေလ အတွင်း ပြန်လည်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ၏ လုပ်သားပို့ဆောင်မှုများ အရှိန်ရလျက်ရှိသည်။