ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး အမှန်တကယ် မျှော်မှန်းသည်ဆိုလျှင်
ပါတီစုံဒီမိုကရေစီသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် လည်းကောင်း တပ်မတော်က အာမခံပေးထားပြီး တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါ လိုလားကြသည့် နိုင်ငံရေးရည်မှန်းချက်များပင် ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တိုက်ခိုက် ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဓိက တောင်းဆိုခဲ့ကြသည့် လိုလားချက်များလည်းဖြစ်သည်။