မြန်မာ့အလင်းအယ်ဒီတာအာဘော်
ပြည်သူအားလုံး ပါဝင်ရမည့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး
ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ် တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများ သုံးစွဲပြီး အလွယ်တကူစွန့်ပစ်နေကြသော ပလတ် စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာ ကျရောက်စေသည့် အရာဖြစ်သည်ကို ပြည်သူ လူထုက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးမှသည် လုံးဝမသုံးစွဲတော့သည် အထိ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့
ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ အကြားတွင် အိုဇုန်း ဓာတ်ငွေ့အလွှာရှိသည်။ လူသားတို့အသက်ရှင်သန်ရေးအတွက် အက်တမ်နှစ်ခုနှင့် ဖွဲ့စည်းထားသည့် အောက်ဆီဂျင်ဓာတ်ငွေ့ (O2) သည် မရှိမဖြစ်လိုအပ်သကဲ့သို့ပင် အက်တမ်သုံးခုနှင့်ဖွဲ့စည်း ထားသည့် အောက်ဆီဂျင် (O3) ဖြစ်သော အိုဇုန်းကလည်း အရေး ကြီးသည်။ မိမိတို့ဦးခေါင်းအထက် ကောင်းကင်ယံတွင် ၁၀ ကီလို မီတာမှ ၂၀ ကီလိုမီတာထိ အထူရှိသည်။ အိုဇုန်းဓာတ်ငွေ့အလွှာက ကမ္ဘာကြီးကို ထီးသဖွယ်မိုးကာ သတ္တဝါတို့ကို ပျက်စီးစေသည့် ခရမ်းလွန်ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူထားလိုက်သည်။
ကိုဗစ် - ၁၉ စတုတ္ထလှိုင်း အမြန်ဆုံးထိန်းချုပ်ကာကွယ်
ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေရာမှ မီးညွန့်မီးစွယ်ကလေး ထွက်လာသည့်နှယ်ပင် ကိုဗစ်-၁၉ ကပ်ရောဂါသည် မိမိတို့နိုင်ငံ တွင် ကျဆင်းငြိမ်သက်သွားရာမှ ယခုတစ်ဖန် ပြန်လည် ခေါင်းထောင်စပြုလာနေသည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်း တစ်ရာခိုင်နှုန်းအောက် ရောက်ရှိနေသည့် အခြေ အနေမှ ယခုရက်ပိုင်းအတွင်း နှစ်ရာခိုင်နှုန်းအထက်၊ သုံးရာခိုင်နှုန်း အထက်သို့ ရောက်ရှိလာသည့်အပြင် ရောဂါကြောင့် သေဆုံးသူ များလည်း ထွက်ပေါ်လာသည်။
ယာဉ်မတော်တဆမှု ကျဆင်းမှ ထိခိုက်အသက်ဆုံးရှုံးမှု ကျဆင်းမည်
တစ်ကမ္ဘာလုံးတွင် ယာဉ်မတော်တဆဖြစ်ရပ်များကြောင့် တစ်နှစ်လျှင် ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် သေဆုံးပြီး သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရနေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ထားသည်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု နှုန်းသည် အာဖရိကနှင့် အရှေ့တောင်အာရှတွင် အများဆုံးဖြစ် သည်ဟုလည်း ဆိုသည်။ အရှေ့တောင်အာရှတွင်မူ မြန်မာနိုင်ငံ သည် ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်နေသည်။
ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ
လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာကဏ္ဍမြှင့်တင်လုပ်ဆောင်စို့
လူကုန်ကူးခံရမှုကြောင့် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် အကူ အညီတောင်းခံခဲ့သည့် မြန်မာအမျိုးသမီးငယ် ခုနစ်ဦးတို့မှာ မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့်ဒုက္ခများမှ လွတ်မြောက်ကာ အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူကုန်ကူးသူ တရားခံမှာ ဒူဘိုင်း တွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်ပြီး မြန်မာအမျိုးသမီးငယ် များကို မက်လုံးပေးစည်းရုံးကာ ဒူဘိုင်းမှတစ်ဆင့် အခြားအရှေ့ အလယ်ပိုင်းဒေသနိုင်ငံများသို့ ထပ်ဆင့်ရောင်းစားနေသူဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ရေး လူတိုင်းအတွက် အချက်ပေးခေါင်းလောင်းသံ
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များကို မပျက်မကွက်၊ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ ကာလ ကြာရှည်စွာ ကူးစက်ပျံ့နှံ့တည်ရှိနေမှုနှင့် ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု စသည့်အကြောင်းများကို အခြေခံ၍ ရောဂါအပေါ်အလေး ဂရုမပြုခြင်းတို့ကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။
အဓွန့်ရှည် မြဲမြံခိုင်ခံ့မည့် မိတ်ဆွေရင်းချာဆက်ဆံရေး
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် လပိုင်းမျှအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးစတင်ခဲ့ရာ မြန်မာ့လွတ်လပ်ရေးကဲ့သို့ပင် ရုရှား- မြန်မာ ဆက်ဆံရေးသည်လည်း ၇၅ နှစ်တာ စိန်ရတုကာလသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သမိုင်းမှတ်တမ်းများအရမူ အောက်မြန်မာနိုင်ငံသို့ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က တိုက်ခိုက် သိမ်းယူခြင်းခံခဲ့ရသည့် မြန်မာဘုရင်က ၁၈၇၃ ခုနှစ်တွင် ရုရှား အင်ပါယာနှင့် သံခင်းတမန်ခင်း ထူထောင်နိုင်ရန် စာချွန်လွှာ တစ်ရပ်ကို ရုရှားလူမျိုးခရီးသွားတစ်ဦးထံမှတစ်ဆင့် စိန့်ပီတာ စဘတ်သို့ ပေးပိုခဲ့ခြင်းဖြင့် မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းခဲ့ဖူးသည်။