မြန်မာ့အလင်းအယ်ဒီတာအာဘော်
ယဉ်ကျေးမှုအမွေအနှစ်များသည် တစ်မျိုးသားလုံး၏ဂုဏ်သိက္ခာ
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထား သည့် ရှေးမြို့ဟောင်း လေးမြို့ရှိသည်။ ၎င်းတို့မှာ ၂၀၁၄ ခုနှစ် ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် ကြေညာခဲ့သည့် ပုဂံမြို့တို့ဖြစ်သည်။
ဥပဒေအကာအကွယ်အောက်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်
လွန်ခဲ့သည့် တစ်နှစ်ခန့်ကာလ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒီမိုကရေစီ တည့်မတ် ထိန်းသိမ်းမှုကို ဆန့်ကျင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှသည် အဓိကရုဏ်းအဆင့်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင် မှုအဆင့်နှင့် နောက်ဆုံးတွင် လူစုလူဝေးဖြင့် မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ လက်နက်ကိုင်အဖွဲ့အစညa်းများ ထူထောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာမက အပြစ်မဲ့ပြည်သူ များကိုပါ လုပ်ကြံသတ်ဖြတ်မှုများအထိ နိုင်ငံတစ်ဝန်းရှိ မြို့ပြ ဒေသအချို့တို့တွင် ဖြစ်ပေါ်ခဲ့သမျှ အနိဋ္ဌာရုံများ၏ နောက်ကွယ် ၌ CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့ရှိနေသည်။
မူးယစ်ဆေးဝါး သယ်ဆောင်မှုများနှင့် ထိရောက်သည့်ပြစ်ဒဏ်
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် အကန့်အသတ်၊ အတား အဆီးများ ပြုလုပ်ကာ ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ် နေရချိန်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများက အခွင့်ကောင်းတစ်ရပ်အဖြစ် အသုံးချခဲ့ကြသည်။ မူးယစ် ဆေးဝါးတန်ဖိုးကျပ်ငွေ ဘီလီယံ (သန်းပေါင်းထောင်နှင့်ချီ၍) ပမာဏကြီးမားစွာ မကြာခဏ ဖမ်းဆီးရမိခဲ့ရာ သာမန်အချိန် ကာလများထက် များစွာပိုမိုခဲ့သည်။
စိတ်ဓာတ်ဖြူစင်၊ ဝန်းကျင်လှပ
ညစ်ညမ်းမှု(Pollution)များအားလုံးမှာ လူတို့၏ ပယောဂကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လူကိုသာမက အခြားသက်ရှိဇီဝများနှင့် သဘာဝပတ်ဝန်းကျင်တို့ကိုပါ ဆိုးကျိုးများသက်ရောက်စေသည်။ ညစ်ညမ်းမှုပုံစံများကိုကြည့်လျှင် လေထုညစ်ညမ်းခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ မြေကြီးညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများညစ်ညမ်း ခြင်း၊ ရေဒီယိုသတ္တိကြွညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း၊ အလင်း ညစ်ညမ်းခြင်း၊ မြင်ကွင်းညစ်ညမ်းခြင်း၊ အပူဓာတ်ညစ်ညမ်းခြင်း စသည်ဖြင့် တွေ့ရှိနိုင်သည်။
သွေးလွန်တုပ်ကွေး အဖြစ်များသည့်ရာသီ
ဒေသအနှံ့အပြားတွင် မိုးရွာသွန်းမှုများပြားလာသည်နှင့်အမျှ ခြင်များပေါက်ပွားမှုနှုန်းမြင့်မားလာပြီဖြစ်ရာ ခြင်ကြောင့် ဖြစ်ပွား သည့် ရောဂါဖြစ်သော သွေးလွန်တုပ်ကွေးရောဂါကိုလည်း သတိပြုကာကွယ်ကြရတော့မည်ဖြစ်သည်။ မိမိတို့ နိုင်ငံသည် သွေးလွန်တုပ်ကွေးအဖြစ်များသည့် နိုင်ငံများထဲတွင် ပါဝင်ပြီး နှစ်စဉ်ရောဂါကူးစက်ဖြစ်ပွားမှုနှင့် လူသေဆုံးမှုတို့လည်းရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဇန်နဝါရီလမှစ၍ သွေးလွန်တုပ်ကွေးဖြစ်ပွား မှု တစ်စတစ်စ များပြားလာခဲ့ရာ ဇွန်၊ ဇူလိုင် မိုးလများတွင် ရောဂါ ဖြစ်ပွားမှု ပို၍မြင့်မားလာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားထားသည်။
နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းနှင့် တည်ငြိမ်အေးချမ်းမှု
ပြီးခဲ့သည့် မေလမှစတင်၍ မြန်မာနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည်များ အရေအတွက် ဆယ်ဂဏန်း အနည်းငယ်မျှ ဝင်ရောက်လာခဲ့ရာ ယခုဇွန်လ တတိယပတ်အတွင်း ထိ ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု စတင်ချိန်တွင် ဦးစွာထိခိုက်ဆုံးရှုံးရသည့် စီးပွားရေး လုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းများကလည်း ထိပ်ဆုံး၌ ပါဝင်သည်။
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများပြဿနာအဖြေရှာ
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ ၉ ရာခိုင်နှုန်း (၁ ဒသမ ၁ သန်းခန့်)သည် ကလေးလုပ်သားများဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် စစ်တမ်း တွင် ဖော်ပြထားသည်။ ယင်းအနက်မှ ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြခြင်း ဖြစ်သည်ဟု ဆိုထားသည်။