နိုင်ငံဖွံ့ဖြိုးရေး၏ အနှောင့်အယှက် အဂတိလိုက်စားမှုများ တိုက်ဖျက်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အုပ်ချုပ်ရေးကောင်းမွန်မှု က အဓိကကျသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက် မှု အနှေးဆုံး နိုင်ငံစာရင်းပေါက်နေသည့် အခြေအနေမှ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံဖြစ်လာအောင် ထူထောင်တည်ဆောက်ကြ ရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေး(Good Governance) မှာ အထူးလိုအပ်သည်။ ဤတွင် အုပ်ချုပ်ရေးဟူသည် အစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော စီမံကွပ်ကဲမှုဖြစ်ပေါ်လာစေရန် ပြုပြင် ပုံဖော်ထားသည့် လုပ်ငန်းစဉ်ပင်ဖြစ်ရာ နိုင်ငံကောင်းရန်အတွက် ကောင်းသောအုပ်ချုပ်ရေးကို ထူထောင်ကြရစမြဲဖြစ်သည်။