ငြိမ်းချမ်းရေးသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒအမှန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ကျင်းပလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ လွတ်လပ်မှု၏ အရသာ၊ ဒီမိုကရေစီ ၏ အရသာကို ခံစားခွင့်ရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများက ဒီမိုကရေစီ၏ အနှစ်သာရ ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့် ရထိုက်သည့် အခွင့်အရေးများ ရရှိစေရေး နှစ်ဖက်မျှတမှု ရှိစေရန်ဟူသောမူဖြင့် ကျင်းပနေခြင်း ဖြစ်သည်။