မြန်မာ့အလင်းအယ်ဒီတာအာဘော်
မပျက်မကွက်၊ မဖြစ်မနေ ပညာသင်ကြား သင်ယူ
နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တက္ကသိုလ်များ၊ ဒီဂရီကောလိပ် များနှင့် ကောလိပ်များ ပုံမှန်ပညာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ် လိုက်ခြင်းနှင့်အတူ နိုင်ငံ့အနာဂတ်၏ အညွန့်အဖူး ကျောင်းသား ကျောင်းသူ လူငယ်ကလေးများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေကြသည့် သတင်းမြင်ကွင်းများမှာ မင်္ဂလာနှင့် ပြည့်စုံ ၍ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာသင် တက္ကသိုလ်၊ ကောလိပ်များပါ ပိတ်ခဲ့ရသည့်အတွက် ကျောင်းသားကျောင်းသူ များ၏ ပညာရေး ထိခိုက်နစ်နာခဲ့ကြရသည်။
နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် ပြည်သူကိုအကျိုးပြု၍ ဂုဏ်ယူ
ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ပြီးသူများအား နိုင်ငံ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတို့တွင် ဆေးပညာဘွဲ့ရအောင်စာရင်း ထုတ်ပြန်ပြီးသူ စုစုပေါင်း ၁၂၂၂ ဦးရှိရာ နိုင်ငံတော်တွင် ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ကြရန် သက်ဆိုင်ရာဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်လိုက်ခြင်းလည်း ဖြစ်သည်။
ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် အရေးပါသည့် အင်အားစု
၁၉၆၅ ခုနှစ်မှစတင်၍ နှစ်စဉ် မေလ ၁၂ ရက်နေ့ ကျရောက်တိုင်း ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (Inter- national Nurses Day) သည် ယခုနှစ်တွင် (၅၈) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များတွင် သူနာပြုများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည့် အလျောက် ကမ္ဘာတစ်ဝန်းရှိ သူနာပြုများအား ဂုဏ်ပြုသည့်အနေ ဖြင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကျင်းပခြင်းဖြစ်သည်။
အမှိုက်ကမ်ပိန်း
လူတိုင်း နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစု ကသာ အမှိုက်ကို စနစ်တကျစွန့်ပစ်ကြပြီး လူအများစုကြီးတို့ကမူ အမှုမဲ့အမှတ်မဲ့၊ စည်းမဲ့ကမ်းမဲ့ တော်သလိုရော်သလိုသာ စွန့်ပစ် နေကြခြင်းဖြစ်သည်။ လူတစ်ကိုယ်အမှိုက်တစ်မျိုးသာပစ်လျှင် ပင် လူသန်းပေါင်းများစွာတို့က အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ် ပစ်နေကြခြင်းဖြစ်သည့်အတွက် အမှိုက်စွန့်ပစ်မှုစည်းစနစ် ကျမှသာ အမှိုက်သိမ်းသည့်အဖွဲ့အစည်းတို့လည်း အမှိုက်ကို နိုင်အောင်သိမ်းနိုင်ကြမှာဖြစ်သည်။