အများအတွက် တစ်ယောက် တစ်ယောက်အတွက် အများ
မြန်မာနိုင်ငံတွင် သမဝါယမစနစ် တည်ရှိခဲ့သည်မှာ လာမည့်နှစ် ဆိုလျှင် နှစ်ပေါင်း ၁၂၀ တင်းတင်းပြည့်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ပထမဆုံးသော သမဝါယမအသင်းအဖြစ် ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့သည့် မြင်းမူ မြို့နယ် ငွေစုငွေချေးသမဝါယမအသင်းမှ အစပြုခဲ့သော သမဝါယမစနစ်သည် ခေတ်အဆက်ဆက်တွင် အနိမ့်အမြင့်၊ အတက်အကျများဖြင့် ဆက်လက်ရှင်သန်နေခဲ့ရာ ယနေ့ထိ တိုင်ပင် ဖြစ်သည်။