ဝါအခြေခံစက်မှုလုပ်ငန်းများဖြင့် တစ်ခေတ်ပြောင်းနိုင်ရန်ကြိုးပမ်း
မြန်မာတို့ ဝါစိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှု နှင့် ချည်ထည်ရက်လုပ်မှုတို့က တစ်ခန်းတစ်ကဏ္ဍပါဝင်လျက်ရှိ သည်။ ဝါကို ပြည်တွင်း၌ သုံးစွဲရုံမျှမက ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ခဲ့ရာ ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်းလက်ထက်တွင် ဝါသည် တော်ဝင်သီးနှံဖြစ်ခဲ့ပြီး ပြည်ပတင်ပို့မှုကို တစ်ဦးတည်း ချုပ်ကိုင်သည့်စနစ် ကျင့်သုံးခဲ့သည်။