ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

May 12, 2026
၂၀၂၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရန် မူပိုင်ခွင့်နှင့်မှတ်ပုံ တင်ဌာနခွဲမှ ၂၀-၃-၂၀၂၆ ရက်တွင် ၂၀၂၅ ခုနှစ်အတွက် အကျုံးဝင်သည့် စာအုပ် ၆ မျိုး ၁၂ အုပ်၊ ၂၀၂၆ ခုနှစ်အတွက် အကျုံးဝင်သည့်စာအုပ် ၉၅ မျိုး ၁၉၀ အုပ်နှင့် ၂၀၂၅ ခုနှစ်အတွက် အကျုံးမဝင်သည့် စာအုပ် ၆ မျိုး ၁၂ အုပ် နှင့် ၂၀၂၆ ခုနှစ်အတွက် အကျုံးမဝင်သည့်စာအုပ် ၅၃ မျိုး ၁၀၆ အုပ်ကို လက်ခံရရှိခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -
May 08, 2026
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၉)၌ သခင်အပေါ်ရော မိတ်ဆွေအပေါ်ပါ သစ္စာရှိသော ခွေးအိုကြီးအကြောင်း သရုပ်ဖော်ထားသည့် “သစ္စာရှိသူ” မျက်နှာဖုံးကာတွန်း၊ အဆိပ်ငွေ့များကို မှုတ်ထုတ်တတ်သည့် နဂါးကြီး၏ အန္တရာယ်ကို နှိမ်နင်းပေးနိုင်ခဲ့သော လူငယ်လေးတစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “နဂါးနိုင်” နှစ်မျက်နှာကာတွန်း၊
Apr 28, 2026
စာရေးသူသည် တက္ကစီသမားတစ်ယောက် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းရသော အတွေ့အကြုံ၊  အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရေးဖွဲ့ထားသည့်အပြင် ဘဝတွင် အခက်အခဲ မည်သို့ပင် ရှိပါစေ ဖြတ်လမ်းမလိုက်ဘဲ ဘဝခရီးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သိက္ခာရှိရှိ လျှောက်လှမ်း သောကြောင့် နောက်ဆုံးရလဒ်သည် စာဖတ်သူ၏စိတ်နှင့် တစ်ထပ်တည်းကျအောင် ရေးဖွဲ့ထား နိုင်သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။ 

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ