၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၂ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် မေလ ၂၄ ရက် နံနက် ၁၀ : ၀၀ မှ ၁၁: ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁: ၀၀ မှ မွန်းတည့် ၁၂: ၀၀ နာရီအထိလည်းကောင်း  ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-224
 

2-197

အကြံပြုစာ/တိုင်ကြားစာ