မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်း အစည်းအဝေးကို ၅-၆-၂၀၂၃ ရက်၊ မွန်းလွဲ (၁:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) စာအုပ်တွင်ပါရှိသည့် စိစစ်အတည်ပြုရမည့်အချက်များနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၃:၃၀) နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။