ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ထွန်းဖောင်ဒေးရှင်းထံမှ မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တည်ပုဒ်များ လက်ခံရယူခြင်း အခမ်းအနားကျင်းပ

 ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ထွန်းဖောင်ဒေးရှင်းထံမှ မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တည်ပုဒ်များ လက်ခံရယူခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက် မွန်းလွဲ ၁၂ : ၃၀ နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စာပေဗိမာန်ရုံး စာတည်းမှူးချုပ် ဦးတိုးကျော်၊ ထွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူ များနှင့် တည်ပုဒ်လွှဲပြောင်းလက်ခံရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းအတွဲများ ဆက်လက်ပြုစု ထုတ်ဝေနိုင်ရေးအတွက် ထွန်းဖောင်ဒေးရှင်းထံမှ မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ တည်ပုဒ်လက်ခံရယူခြင်းနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ထွန်းဖောင်ဒေးရှင်းကိုယ်စား ဆရာဦးဌေးမောင်နှင့် ဆရာ မောင်သွေးသစ်တို့က မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ တည်ပုဒ်များအား ပေးအပ်ခဲ့ရာ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော် နှင့် စာပေဗိမာန်စာတည်းမှူးချုပ် (ငြိမ်း) ဦးမောင်လှိုင် (မောင်ဆွေငယ်) တို့က လက်ခံရယူသည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာ့စွယ်စုံကျမ်း အတွဲ -၁ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး အခမ်းအနားကို မွန်းလွဲ ၁ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

1-260

2-235

3-130

4-75

အကြံပြုစာ/တိုင်ကြားစာ