၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၏ ဆုရွေးချယ်ရေးဆိုင်ရာ အပြီးသတ်အစည်းအဝေး ကျင်းပ

 ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ အဖွဲ့ကြီး အပြီးသတ်အစည်းအဝေးနှင့် (လျာထား) ဆုများ အတည်ပြုခြင်း အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက် နံနက် ၁၀ : ၀၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးကော်မတီဝင်များ၊ အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ကြပြီး ဆုရွေးချယ်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီ၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးကော်မတီဝင်များက အမျိုးသားစာပေ တစ်သက်တာဆုအတွက် မဲပေးရွေးချယ်ခဲ့ကြပြီး အစည်းအဝေးကို အစည်းအဝေးကို မွန်းလွဲ ၁ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

1-261


2-237

3-131

အကြံပြုစာ/တိုင်ကြားစာ