ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၏ မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ (ကန်-ကြွပ်) စာအုပ်ထုတ်ဝေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၏ မြန်မာ့စွယ်စုံကျမ်း အတွဲ-၂ (ကန်-ကြွပ်) စာအုပ်ထုတ်ဝေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၅-၄-၂၀၂၄ (သောကြာနေ့) နံနက် ၁၀:၃၀ နာရီအချိန်တွင် စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးကို အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပြီး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားခြင်း၊ စာပေပညာရှင် ဦးမောင်လှိုင်က အကြံပြုဆွေးနွေးခြင်း၊ ထွန်းဖောင်ဒေးရှင်းမှ ဆရာ ဦးစောလွင် (မောင်သွေးသစ်) က မြန်မာ့စွယ်စုံကျမ်းအတွဲ-၂နှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ပညာရှင်များက စာအုပ်ပြုစုထုတ်ဝေရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးကို မွန်းတည့် (၁၂:၀၀) နာရီ၌ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

1-237

အကြံပြုစာ/တိုင်ကြားစာ