၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၄ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်တွင် စာအုပ် (၁၁) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Website တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -
(၁) ချောင်းကြည့်ရတာ တစ်လကျော်ကြာနှင့် ဖြစ်ရပ်မှန်စာစုများ - ခင်မောင်သိန်း၊ (၂) ဘဝရဲ့ စိန်ခေါ်သံ - ဆူးဝေး၊ (၃) နေတစ်စင်းနှင့် လမင်းတစ်ရာကဗျာများ - နေမင်းသန်း (မဲခေါင်စာပေဆုရ)၊ (၄) ချစ်ကြည်လက်ကမ်း ပညာခရီးလမ်း ဆောင်းပါးများ - ကလောင်စုံ၊ (၅) လှပတဲ့ အိပ်မက်ဝင်္ကပါ ဘာသာပြန်ဂျာမန်ဝတ္ထုတိုများ - နိုင်ဇော်၊ (၆) A Tale of Lost Tail & Other Short Stories – A.W.Khin Myat Phone၊ (၇) မှော်ဝင်ကဗျာနှင့် ခေတ်ကဗျာများ - ကျော်ထွဋ်ခေါင်၊ (၈) စတာလင်ဂရက် တိုက်ပွဲ - ဆွေဇင်ညွန့်၊ (၉) ရဟန်းတစ်ပါး စွမ်းအားအနန္တ - မောင်သွေးချွန်၊ (၁၀) နိုင်ငံ့စီးပွားတိုးတက်ရေး စိုက်ပျိုးရေးနည်းပညာ အလေးပေး - လှဆန်း (စိုက်ပညာရှင်)၊ (၁၁) မြန်မာ့ရွက်လှ မျိုးကွဲများ - ရတနာစိုး (အမျိုးသားစာပေဆုရှင်)