၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး အစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ်  (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ  ၂၀ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ဝဝ နာရီမှ မွန်းတည့် ၁၂ : ဝဝ နာရီအထိလည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စာအုပ်များမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

web-1
web-2

အကြံပြုစာ/တိုင်ကြားစာ