ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ၁၉-၆-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁ : ဝဝ နာရီတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးသိန်းနိုင်ဦး (ပခုက္ကူမြို့)၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် အဖွဲ့ဝင်များ၊ စာပေဗိမာန်စာတည်းမှူးချုပ် ဦးတိုးကျော်၊ ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်သန်းဦး၊ ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဒေါက်တာ အောင်ကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။