၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက် ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နံနက် ၁၀ : ၀၀ နာရီ မှ ၁၁ : ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီ အထိလည်းကောင်း၊ မွန်းတည့် ၁၂ : ၀၀ နာရီမှ မွန်းလွဲ ၁ : ၀၀ နာရီအထိ လည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ် ဆိုင်ရာစာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။