ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး စာပေဟောပြောပွဲနှင့် သင်တန်း ကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည် မြှင့်တင်ရေးအတွက် စာပေဟောပြောပွဲနှင့် သင်တန်းကို ၂၄-၃-၂၀၂၅ ရက် (တနင်္လာ နေ့)  တွင် စာပေဗိမာန်ရုံးအစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးအုန်းမောင် (စာရေးဆရာ၊ ကဗျာဆရာကြီး မြင်းမူမောင်နိုင်မိုး) က “မြန်မာကဗျာ မြန်မာစာ” ခေါင်းစဉ်ဖြင့်  နံနက် ၁၀:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ နာရီအထိ  ဟောပြောခဲ့ပြီး ဆရာဦးဇော်ဝင်းဦးက “ရွှေသွေး ဂျာနယ် အရောင်ခြယ်ခြင်း” ခေါင်းစဉ်ဖြင့် မွန်းလွဲ ၁:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ သင်တန်း ပို့ချခဲ့ကြောင်း သိရပါသည်။

1-340

 

အကြံပြုစာ/တိုင်ကြားစာ