ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ဝန်ထမ်း၊ နေ့စားဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

 ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ဝန်ထမ်း၊ နေ့စားဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၂၃-၆-၂၀၂၂ ရက် နေ့လယ် ၁း၀၀ နာရီတွင် စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စာပေဗိမာန် စာတည်းမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ဆုရရှိသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ စာတည်းမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားခြင်း အပါအဝင် အခမ်းအနားကို အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်၊ ဆုရရှိသည့် ကျောင်းသူကျောင်းသားများ၏ မိဘများနှင့် စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လယ် ၁း၅၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

1278

1281

1284

1286

1289
 

1290

1295

1315

1317

 

အကြံပြုစာ/တိုင်ကြားစာ